Main menu

Background

ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု ပြန်လည်လျော့ကျ

Mon, 05/14/2012 - 06:15 -- Anonymous (not verified)

    ပြည်တွင်းဈေးကွက်တွေမှာ နှမ်းလက်ကျန်လျော့နည်းလာသလို ပြည်တွင်းနှမ်းဈေးမြင့်တက်မှုကြောင့် ပင်လယ်ရေ ကြောင်းက နှမ်းတင်ပို့မှုမှာ ပြန်လည်လျော့ကျခဲ့ပါတယ်။ မတ်လ နောက်ဆုံးပတ်အတွင်း နှမ်းရောင်စုံတန်ချိန် ၉၀၀ ကျော် တင်ပို့မှုရှိခဲ့ရာမှ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၂၆၀ ကျော်သာ ကိုရီးယားကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။     တရုတ်နယ်စပ်ဖက်မှ အဆွဲရှိနေတာကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၀ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့နိုင်မှုမှာ တန်ချိန် ၁၇၀၀ ကျော်ရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ ပမာဏတန် ၆၀၀ ကျော်ထက် တိုးတက်တင်ပို့နိုင်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြည်ပဝယ်ဈေး ပြောင်းလဲမှုမရှိလို့ ငြိမ်နေကြောင်း သိရပါတယ်။MIRT - MAPT