Main menu

Background

ပြည်ဈေးကွက်တွင် နှမ်းဈေးနဲ့ အတူ ဆီဈေးပါတက်

Mon, 05/14/2012 - 06:17 -- Anonymous (not verified)

    ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ အခါပြီးမှ တစ်နေ့ထက်တစ်နေ့ ဈေးမြင့်လာတာတွေ့ရပါတယ်။ ဆီစက်သမား များမှ နှမ်းဆီအရောင်းသွက်ကာ နှမ်းများကိုအဝယ်ရှိခြင်း၊ ဆောင်းနှမ်းကုန်လို့ ရေသွင်းနှမ်းများ စိုက်ပျိုးနေချိန်ဖြစ်ပြီး ဈေးကွက် တွင် နှမ်းလက်ကျန်ရှားနေသဖြင့် နှမ်းဈေးမြင့်ပါတယ်။ နှမ်းဈေးမြင့်သလို ဆီဈေးမှာလည်းမြင့်လာတာ တွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇၅၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၉၀၀၀၀ ကျပ် ဈေးကို ဈေးမြင့်လာပြီး တစ်နေ့ အိတ် ၉၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ၃၀၀၀ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ဝေေ၀မင်း