ဧပြီလအတွင်း စားအုန်းဆီထုတ်လုပ်မှု ပိုမိုဖွယ်ရှိခြင်းနဲ့ ကမ္ဘာ့စီးပွားရေး တိုး တက်မှု အပေါ် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေကြောင့် ဧပြီလ ၂၆ ရက်၊ မလေးရှား စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး အနိမ့်နဲ့ ပိတ်ခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင် အခြေခံစံနှုန်းစာချုပ်ဈေးဟာ သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျပြီး၊ တစ်တန် ရင်းဂစ် ၃၅၀၀ (ကန်ဒေါ်လာ ၁၁၄၇)ဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ချီကာကိုမှာမေလပဲပုပ်ဆီဈေးကတော့ သုညဒသမ ၁ ရာခိုင်နှုန်း ပိုမိုပြီး တစ် ပေါင်ကို ကန်ဒေါ်လာ ၅၅ ဒသမ ၆၉ ဆင့်(တစ်တန်ကို ကန်ဒေါ်လာ ၁၂၂၇) နဲ့ ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။ ဧပြီလ စားအုန်းဆီကြမ်း ထုတ်လုပ်မှု ပိုမိုဖွယ်ရှိတာကြောင့် လွန်ခဲ့တဲ့သီတင်းပတ်တွေမှာ ဈေးကွက်က အကျဘက်ဆက် ရှိနိုင်တယ်လို့ ကွာလာလမ်ပူရှိ ကုန်သည်တစ်ဦးကဆိုပါတယ်။ နိုဝင်ဘာလမှ မတ်လအထိ ရာသီချိန် အထွက်လျော့ကျပြီးနောက် မလေးရှား စားအုန်းဆီ ထုတ်လုပ်မှုက မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် လေ့လာဆန်းစစ်သူ များ ခန့်မှန်းတာကတော့ စားအုန်းဆီ ထုတ်လုပ်မှု တိုးတက်မယ် လို့ ခန့်မှန်းတဲ့တိုင် တောင်အမေရိက ပဲပုပ်အထွက်လျော့ခြင်းနဲ့ အိန္ဒိယ၊ တရုတ်တို့လို အဓိက ဟင်း သီးဟင်းရွက်ဆီ စားသုံးသူတွေရဲ့ ဝယ်လိုအားတိုးတက်နေခြင်းတို့ကြောင့် စားအုန်း ဆီဈေးက လက်ရှိပမာဏ ကနေ သိသိသာသာ ကျဆင်းဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ဆီဈေးက အဓိက ပဲပုပ်ထုတ်လုပ်ရာ အာဂျင်တီးနားနဲ့ ဘရာဇီးတို့ရဲ့ထွက်ရှိမှု အလားအလာအပေါ်မှာလည်း မူတည်နေပါတယ်။ ကုန် သည်များခန့်မှန်းတာကတော့ ဧပြီအတွင်း ပြည်ပတင်ပို့မှုဝယ်လိုအားဟာ လစဉ် ထက် ၂ ရာခိုင်နှုန်း - ၃ ရာခိုင်နှုန်း မြင့်တက်မယ်လို့ဆိုပါတယ်။ လက်ငင်းဈေးကွက် မှာ မေလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးဟာ ဒေါ်လာ ၂ ဒသမ ၅၀ ပိုမိုပြီး၊ တစ်တန် ကန်ဒေါ်လာ ၁၁၇၂ ဒသမ ၅၀ ဈေးနဲ့ ကမ်းလှမ်းပြီး ချက်ချင်း တင်ရမယ့် စာအုန်းဆီကြမ်း လက်ငင်းဈေးမှာ တစ်တန်ရင်းဂစ် ၃၅၂၀ (ကန်ဒေါ်လာ ၁၁၅၄)နဲ့ ဈေးပြောင်းလဲမှုမရှိကြောင်း သိရပါတယ်။ယုဇနSource: palmoilhq.com
Background