Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Mon, 05/14/2012 - 06:40 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ   ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး          ၁ ပိဿာ    ၇၈၂     ၈၄၄                    ၂    မကွေး             ၁ ပိဿာ    ၇၈၀     ၈၅၃         ၃    မုံရွာ                ၁ ပိဿာ      ၇၀၅    ၈၃၂        ၄    အောင်လံ         ၁ ပိဿာ      ၇၇၅    ၈၆၀        ၅    မြင်းခြံ             ၁ ပိဿာ      ၇၆၅    ၈၄၀    ၆    ပြည်               ၁ ပိဿာ      ၇၇၅    ၈၈၀    ၇    ပခုက္ကူ            ၁ ပိဿာ      ၇၇၃    ၈၂၀ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေ  ဝယ်အားများလို့ ဈေးမြောက်လာ    မန္တလေးဈေးကွက်မှာ သြင်္ကန်အခါအပြီး ကုလားပဲကို ရန်ကုန် ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်များက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့ အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၈၄၄ ကျပ်(တစ်တန်ကို ၅၁၆၈၅၇ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက် တွေက ဝယ်အားပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၈၅၃ ကျပ်(တစ်တန်ကို ၅၂၂၃၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက် မှာ ကုလားပဲကို ဒေသတွင်းပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များက ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲက ပန်းတောင်းနဲ့ ကံမ ဘက်မှ အဝင်ပုံမှန်ရှိသလို မြို့ခံပဲခွဲစက်သမားများနဲ့ လှောင်လက်သ မားများလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်တွင် ကုလားပဲကို သြင်္ကန် ပွဲတော်အပြီးမှာ ခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ ရန်ကုန်ဝယ်လက်များက ဝယ်လိုအားမြင့်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၈၃၂ ကျပ်(တစ်တန်ကို ၅၀၉၅၀၈ ကျပ်)နဲ့ တစ် ရက်ကို အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။