ပြောင်း

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်          ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး       ၁ ပိဿာ           ၂၉၀         ၃၀၅                     ၂    လားရှိုး            ၁ ပိဿာ            ၃၇၀        ၃၉၀                 ၃    မူဆယ်            ၁ တန်         ၂၆၆၆၀၂    ၂၈၅၅၃၉        ၄    မန္တလေး            ၁ ပိဿာ            ၃၂၈       ၃၄၈ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိလို့ ဈေးစွာလာ    တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ ဝင်အား ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း အစာစပ်သ မားများကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၀၅ ကျပ်နဲ့တစ်ပတ် အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို သြင်္ကန်အပြီးမှာ တရုတ်အဆွဲပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာသလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ပိုများလာတယ်လို့ ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီ လို့ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၃၉၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၈၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၄၈ ကျပ်နဲ့ နေ့စဉ် အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦးကဆို ပါတယ်။