Main menu

Background

သြင်္ကန်ကာလမှာ ဖရဲသီးအပို့ ပိုနေသော်လည်း ရာသီကုန်ပြီဖြစ်တဲ့သခွားမွှေးအပို့လျော့

Mon, 05/14/2012 - 07:01 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်နဲ့ လွယ်ဂျယ်နယ်စပ်တို့မှ ကန် ဒေါ်လာ ၂ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၁၄၇၁၅  တန်ကျော်ကို ဧပြီလ ၄ ရက်မှ ၁၀ ရက်ထိကာလမှာ အပို့ ရှိခဲ့ပါတယ်။ မူဆယ်မှ ၁၄၃၄၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၃၇၂ တန် အသီးသီး  တင်ပို့ခဲ့တာ  ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ဖရဲအပို့ ၁၂၁၈ တန်ပိုမိုခဲ့ပြီး လွယ်ဂျယ်မှ ယခင် အပတ်က အပို့မရှိခဲ့တဲ့အတွက် ယခင် အပတ်ကထက် နယ်စပ်မှ ဖရဲအပို့ ပိုမို ခဲ့တယ်လို့သိရပါတယ်။ သခွားမွှေးက တော့ ရာသီချိန်ကုန်နေပြီဖြစ်လို့ ယခင် အပတ်ကထက်  တန် ၂၂၀၀ ကျော် အပို့လျော့သွားပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၈၉၄၀ သန်း တန်ဖိုးရှိ  သခွားမွှေး  ၄၀၈၂ တန် မူဆယ်နယ်စပ်မှ  တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၂၇ သန်းတန်ဖိုးရှိ ဖရဲသီး ၁၀၇ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မူဆယ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၄၆ သန်းတန်ဖိုးရှိ ဖရဲသီး ၁၄၅၂၆ တန် ဝန်းကျင်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်း တန်ဖိုးရှိတဲ့ ဖရဲသီး တန် ၁၉၀ အပို့ရှိခဲ့ပါသေးတယ်။ ယခင်အပတ်က မူဆယ်နဲ့ လွယ်ဂျယ်မှ ၁၄၇၁၅ တန်ဝန်းကျင် အပို့ရှိခဲ့ပြီး ယခု အပတ်မှာ တန် ၁၀၀ ကျော် အပို့ပိုခဲ့ပါ တယ်။MIRT (DOBT)