ဧပြီ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်းမှာ ပေါ်ဦးပေါ်ဖျား စိန်တစ်လုံး သရက်များ မူဆယ် ၁၀၅ မိုင်မှ တစ်ဖက်နိုင်ငံသို့ စတင်တင်ပို့မှုရှိလာနေတာ တွေ့ရပါတယ်။ ကန်ဒေါ်လာ ၂၇၉ တန်ဖိုးရှိ သရက်သီး တစ်တန်ခွဲကို ယခု အပတ်မှာ တင်ပို့နိုင်ခဲ့တာလို့ သိရပါတယ်။ဧပြီ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၆ သန်းတန်ဖိုးရှိ သရက်သီး တန် ၇၀ ဝန်းကျင် မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁ တန်ခွဲသာအပို့ရှိခဲ့တာမို့ ယခုအပတ်မှာ သရက်သီးပို့အား တက် လာတာ တွေ့ရပါတယ်။ MIRT (DOBT)
Background