၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစပြီး စားသောက်ကုန်ပစ္စည်းများဖြစ်တဲ့ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူးများ (အသားနှင့်သီးစုံ) နဲ့ ခေါက်ဆွဲခြောက်အမျိုးမျိုးကို ပထမအဆင့်အနေနဲ့ ကျန်းမာရေး ဝန်ကြီး ဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA) ရဲ့ ထောက်ခံချက်ပါရှိပါက နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုခွင့်ပြုပေးလိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အများဆုံး တင်သွင်းလာတဲ့ စားသောက်ကုန်များ ကတော့ အချိုမှုန့် (ဟင်းခတ်များ) ပဲ ဖြစ်ပါတယ်။ အဓိကတင်သွင်းခဲ့တာကတော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများပဲဖြစ်ပါတယ်။ စားသောက်ကုန် ငါးမျိုးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလကစပြီး တင်သွင်းခွင့်ပြုခဲ့ပေမဲ့လည်း ၂၀၁၂ ခုနှစ် မတ်လမှာမှ စတင်တင်သွင်း လာတာတွေ့ရပါတယ်။ မတ်လ ၁ ရက်မှ ဧပြီလ ၂၄ ရက်ထိ အချိန် ၂ လနီးပါးမှာ မူဆယ်မှ အချို့မှုန့် တန် ၃၃၀၀ ကျော်နဲ့ ချင်းရွှေဟော်မှ တန် ၅၂၀ ဝန်းကျင် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၀ သန်းဖိုး တင်သွင်းခဲ့တာတွေ့ရပါတယ်။MIRT (DOBT)
Background