မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဧပြီလ ၁၈ ရက်မှ ၂၄ ရက် ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၆၈၉ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၄၀၀၂ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မြဝတီ နယ်စပ်မှ ငါး မျိုးစုံ ၁၃ တန်ကျော် ပုစွန် သုည ဒသမ ၆ တန်ကျော်၊ ကဏန်း ၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်း တန်ဖိုးတင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၈ တန်ကျော်အပို့ပိုခဲ့ပါတယ်။ ကော့သောင်း နယ်စပ်မှလည်း ငါးမျိုးစုံ ၁၅၂၈ တန်ကျော်၊ ကင်းမွန် ၁၁ တန်ကျော်၊ ကဏန်း ၉ တန်ဝန်းကျင်၊ ခရု ၂ တန်နီးပါးနဲ့ ငါးဆားနယ် ၂၆ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၀၈၅ သန်းတန်ဖိုး တင်ပို့ခဲ့ပြီးယခင်အပတ်ကထက် ၁၅၃၁ တန် ဝန်းကျင် အပို့ ပိုခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ယခုအပတ်မှာ ငါးမျိုးစုံ ၂၂၁၈ တန်ကျော်၊ ရေငန်ပုစွန် ၃၁ တန်ကျော်၊ ငါးမှုန့် ၁၄၅ တန်ကျော်၊ ရွှံကဏန်းအရှင် ၂ တန်နီးပါး၊ အေးခဲကဏန်း ပျော့ ၁၀ တန်နီးပါးနဲ့ ကဏန်းအသေး (အသေ) ၂ တန် ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၅၅ သန်းဖိုး တင်ပို့ခဲ့ရာ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် တန် ၁၁၀ ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ငါးမှုန့်တို့အပို့လျော့ခဲ့ပြီး ရွှံကဏန်း အရှင်၊ အေးခဲကဏန်းပျော့တို့တော့ ယခုအပတ်မှာ အပို့ရှိခဲ့ပါ တယ်။ MIRT (DOBT)
Background