Main menu

Background

မူဆယ်နယ်စပ်မှ ပရဆေးအပို့ကောင်း

Mon, 05/14/2012 - 07:18 -- Anonymous (not verified)

    ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၁၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၁၅ တန်ကျော်ကို မူဆယ်နယ်စပ်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ဒရင်ကောက်မြစ် တန် ၂၀ ကို ချင်းရွှေဟော် နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်း တန် ၄၅၀ ကျော် နယ်စပ်မှ အပို့ပိုခဲ့တာဖြစ်တယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ နနွင်းတက် (ရှမ်းစ)၊ ဖန်ခါးသီးခြောက်၊ ကွမ်းစားဂမုန်း၊ ဝဥခြောက်၊ နေလဲစေ့နဲ့ ခပေါင်းစေ့အပို့ပိုတဲ့အပြင် ယခင်အပတ်က အပို့မရှိခဲ့တဲ့ တောဂျူးမြစ်၊ နနွင်းခေါင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်လျာစေ့၊ တောချင်း၊ ကွမ်းသီးခွံ၊ ကြက်ဆူစေ့နဲ့ ဂုံးညင်းလုံးများ ယခုအပတ်မှာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ချဉ်ပေါင်ဖာလာ (အခွံပါ) နဲ့ စကားပန်းပွင့်ခြောက် များကတော့ အပို့လျော့ခဲ့ပါတယ်။     တမူးနယ်စပ်မှ ကန်ဒေါ်လာ ၄၀ တန်ဖိုးရှိ တောင်လုံးကျော် သုည ဒသမ ၁၅ တန်သာအသွင်းရှိခဲ့ပါတယ်။ MIRT (DOBT)