Main menu

Background

တရုတ်နယ်စပ်မှ ရေထွက်ကုန် ပိုမိုတင်ပို့လာ

Mon, 05/14/2012 - 07:30 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၆၁၀ သန်းတန်ဖိုးရှိ ရေထွက်ကုန်  ၂၁၅ တန်ဝန်းကျင် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၀၀ နီးပါးအပို့ပိုခဲ့ပါတယ်။ တရုတ်နယ်စပ်မှ တင်ပို့တဲ့ ရေထွက်ကုန်တွေကတော့ မူဆယ်မှ ငါးရှဉ့် ၃၂ တန်ခန့်၊ ကဏန်း ၄၅ တန်ကျော်နဲ့ ငါးဆားနယ် တန် ၁၀၀ နီးပါး ချင်းရွှေဟော်မှ ငါးရှဉ့် ၃၈ တန်ဝန်းကျင်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ဧပြီလအတွင်းမှာ တရုတ်နယ်စပ်မှ ရေထွက်ကုန် ၅၄၇ တန်တင်ပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။ MIRT (DOBT)