Main menu

Background

နှစ်သစ်မှာ ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ပွဲဦးထွက်ကောင်း

Mon, 05/14/2012 - 07:34 -- Anonymous (not verified)

    ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ ၇ ရက်အတွင်းမှာ ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၆၁၅ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၄၄၆ သန်းဖိုးကို ပွဲဦးထွက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မတ်လကုန်အချိန်အထိ ပြောင်း ပို့တစ်ခါပြတ်တစ်လှည့်ဖြစ်နေရာကနေ ဧပြီလဆန်းမှာ ဈေးဦးပေါက်ကောင်း တယ်လို့ ဆိုရပါမယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ သြင်္ကန်ကာလအပါအဝင် ဧပြီတတိယပတ်အထိ တန် ၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုတန်ချိန် ၁၆၆၃၃၂ တန် ကျော်နဲ့တန်ဖိုးကန်ဒေါ်လာ ၄၆ ဒသမ ၅၉သန်းဖိုးရှိခဲ့ကြောင်း သိရပါတယ်။ နိုင်ငံ အလိုက်တင်ပို့မှုတွေကတော့ တရုတ်ကို ၁၇၇၇ တန်၊ အိန္ဒိယကို ၁၉၆၉၅ တန်၊ အင်ဒိုနီးရှားကို ၂၈၃၃၃ တန်၊ကိုရီးယားကို တန် ၄၈၀၊ မလေးရှားကို ၇၂၁၆ တန်၊ ပါကစ္စတန်ကို တန်၁၂၀၊ ပိုလန်ကို ၆၂၅ တန်၊ စင်ကာပူကို ၆၅၉၃၂ တန်၊ အာရပ် စော်ဘွားများပြည်ထောင်စုကို တန် ၆၀၀၊ ဗင်နီဇွဲလားကို ၁၄၈၄ တန်နဲ့ ဗီယက်နမ်ကို ၂၃၉၃၁ တန် အသီးသီးဖြစ်ပါတယ်။ နယ်စပ်ကလည်း တင်ပို့မှုအားကောင်းပြီး ၂၀၁၁-၂၀၁၂ တစ်နှစ်လုံးမှာ တန်ချိန် ၆၁၂၂၃၁ တန်နဲ့ တန်ဖိုးဒေါ်လာ ၁၇၀ ဒသမ ၁၉၆ သန်းဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                            K.Z.W