မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ်များမှ ဧပြီလ ၁၈ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၉၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၆၃၄ ဒသမ ၂၅ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပြောင်းဖူးကြိတ်ဖတ် တန် ၄၀ ဝန်းကျင်ကို မူဆယ် နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ သြင်္ကန်ကာလအတွင်းမှာ တင်ပို့မှုထက် တန် ၆၀၀ ကျော်အပို့ပိုမိုခဲ့ပါတယ်။မြေပြင်ပေါက်ဈေးများကိုကြည့်ရာမှာ မိမိဘက် မြေပြင် ဈေးကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၄၀၀၀ ၂၇၃၁၂၀ ၁၉၁၂၀ ၈ ၃၁၇ ၃၁၇ - -နှံစားပြောင်း ၃၀၄၈၀၀ ၂၉၄၈၈၅ ၉၉၁၅ ၃ ၃၈၁ ၃၈၁ - -MIRT (DOBT)
Background