Main menu

Background

လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ်မှာ မိုးကြို ပြောင်းစိုက်တာ အောင်မြင်

Mon, 05/14/2012 - 07:42 -- Anonymous (not verified)

    လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ တောင်သူများသြင်္ကန် အကြိုမိုးကောင်းခဲ့လို့ (၈၈၈ အစေ့ထုတ်ပြောင်း)၊ ဧက ၁၀၀ ကျော်ကို ဧပြီ လဆန်းမှာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရပါတယ်။ ကယားပြည်နယ်မှာ အစေ့ထုတ် ပြောင်းစိုက်ပျိုးမှုကို မေလနဲ့ ဇွန်လများမှာ ပုံမှန်စိုက်ပျိုးကြသော်လည်း ဒီမော့ဆို မြို့နယ်မှာ ၂၀၁၀ ခုနှစ်က စလို့ အစေ့ထုတ်ပြောင်းကို မတ်လကုန် ဧပြီလဆန်းမှာ စမ်းသပ်စိုက်ပျိုးခဲ့ရာ အထွက်ကောင်း၊ ဈေးကောင်း ပြီး၊ တွက်ခြေကိုက်တာကြောင့် အစေ့ထုတ်ပြောင်း(မိုးကြို) စိုက်ပျိုးမှုကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရပါတယ်။ မိုးကြိုပြောင်းကို မတ်လကုန် ဧပြီလဆန်းမှာ စိုက်ပြီး၊ ဇူလိုင်၊ သြဂုတ်လတွေမှာ ရိတ်သိမ်းကြောင်း၊ ရိတ်သိမ်းပြီးချိန် အစေ့ထုတ်ပြောင်းများကို အစိုအတိုင်း ရောင်းချ ရကြောင်း၊ တစ်ဧကကို ကုန်ချိန် ၁၅၀၀ ပိဿာမှ ၂၀၀၀ ပိဿာ အထိ ထွက် ရှိသဖြင့် တွက်ခြေကိုက်ပြီး၊ ကုန်ကျစရိတ်သက်သာတဲ့အပြင် အခြားမိုးသီးနှံ တစ်မျိုး ထပ်မံစိုက်ပျိုးနိုင်ကြောင်း၊ ကုန်းသာကျေးရွာမှ မိုးကြိုပြောင်း ၃ နှစ် ဆက်တိုက် စိုက်ပျိုးခဲ့သူ ကိုဖိုးချစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။            မင်းအောင်