သြင်္ကန်ပွဲတော်နဲ့နှစ်သစ်ကူးကာလအလွန် ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရော်ဘာ ၈၅၆ တန်ကျော်ကို မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၉၂ တန်ကျော် အပို့ပိုခဲ့တာကိုကြည့်လျှင် နှစ်သစ်ကူး ကာလအလွန် ရော်ဘာ တင်ပို့မှု အရှိန်ပြန်တက်လာတာတွေ့ရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့နိုင်မှု များကတော့ မူဆယ်မှRSS-2 ၆၂ တန်၊RSS-3 ၉၄ တန်ခန့် MSR-20 ၄၀ ဒသမ ၅၀ တန်၊ MSR-50 ၂၆ တန်၊ ချင်းရွှေဟော်မှ RSS-3 ၂၈၂ တန်၊ MSR-20 တန် ၃၀ နဲ့မြိတ်နယ်စပ်မှ RSS-3 တန် ၁၀၀ အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဖက်နိုင်ငံ ရော်ဘာ ဈေးများ ယခင်အပတ်ကထက် လျော့နည်းခဲ့ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၇၆၈၆၀၀ ၂၉၂၁၀၀၀ ၁၅၂၄၀၀ ၆ ၃၄၆၃ ၃၆၅၁ ၄၈၈ ၁၄RSS - 5 ၂၆၆၇၀၀၀ ၂၇၉၄၀၀၀ ၁၂၇၀၀၀ ၅ ၃၃၃၆ ၃၄၉၂ ၁၅၆ ၅MIRT(DOBT)
Background