ကမ္ဘာ့သဘာဝရော်ဘာဝယ်လိုအားက ယခုနှစ်မှာ တိုးပွားနိုင်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်ခြင်းကလည်း ရော်ဘာ ဝယ်လိုအားအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။ ရေနံစိမ်းကနေထုတ်လုပ်တဲ့ ရော်ဘာတုက ရေနံဈေးနှုန်းမြင့်တက်တာကြောင့် သဘာ၀ ရော်ဘာနဲ့ ရော်ဘာတုအချိုးမှာ သဘာဝရော်ဘာသုံးစွဲမှု ပိုများလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ယခုနှစ်ပထမ ၃ လမှာ အိန္ဒိယရဲ့ ရော်ဘာဝယ်လိုအားက ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးမောင်းနှင်အားလည်း မြင့်မားလာတာကြောင့် ပြည်တွင်းဝယ်လိုအား အထူးသဖြင့် မော်တော်ယာဉ် ထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားများလာတာကြောင့် သုံးစွဲမှုလည်း မြင့်မားလာနိုင်ကြောင်း သိရပါတယ်။ စီးပွားရေးစစ်တမ်းများကောက်ယူပြီးနောက် အစိုးရကမတ်လမှာ စီးပွားရေးတိုးတက် လာတာကြောင့် ယခုနှစ်ရဲ့ ရော်ဘာသုံးစွဲမှု မြန်ဆန်မြင့်မားလာနိုင်ကြောင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယရဲ့သုံးစွဲမှုက ယခုနှစ်မှာ ၄ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ဖွယ်ရှိပြီး ယခင်နှစ်က ၁ ဒသမ ၄ ရာခိုင်နှုန်းသာ သုံးစွဲမှုတက်ခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီမှ မတ်လအထိ ကာလအတွင်း သုံးစွဲမှု ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၄ သန်းရှိခဲ့ ကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း ANRPC က ပြောကြားခဲ့ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် ယခုနှစ်ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ သုံးစွဲမှု ၄၄၈၀၀၀ တန်၊ မတ်လမှာ ၅၁၆၀၀၀ တန်နဲ့ ဧပြီနဲ့ မေလမှာ ၅၃၄၀၀၀ တန်စီ သုံးစွဲမှုရှိနိုင်ကြောင်း သိရပါတယ်။ ကမ္ဘာ့ဝယ်လိုအားတက်လာပေမယ့် ANRPC အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်တဲ့ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ဝယ်လိုအား ကတော့ ကျဆင်းနိုင်ကြောင်း သိရပါတယ်။ ၂၀၁၁ မှာANRPC အဖွဲ့ဝင်နိုင်ငံတွေရဲ့ သုံးစွဲမှုက ၂၀၁၁ မှာ ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ANRPC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ရဲ့သုံးစွဲမှုက ၂၀၁၀ မှာ တန်ချိန် ၆ ဒသမ ၁၆ သန်းရှိကြောင်း သတင်းရရှိပါတယ်။ Source: Business StandardK.Z.W
Background