မြင့်တက်နေတဲ့ဝယ်လိုအားပြည့်မီဖို့ဆိုရင် ၂၀၂၀ မှာ ကမ္ဘာ့သကြားတန်ချိန် သန်း ၂၀၀ ထုတ်လုပ်နိုင်ဖို့ တန်ချိန် ၂၈ သန်းခန့်မြှင့်တင်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာ သကြားအဖွဲ့အစည်း (ISO) ထိပ်တန်းအရာရှိ တစ်ဦး မှ ဧပြီလ ၂၃ ရက်မှာပြောကြားပါတယ်။ လက်ရှိမှာ ကမ္ဘာ့သကြားထုတ်လုပ်မှုက တန်ချိန် ၁၇၂ သန်းရှိနေလို့ တန်ချိန် ၂၈ သန်းခန့် ထုတ်လုပ်မှု တိုးမြှင့်ဖို့ အရေးကြီးတဲ့တာဝန်တစ်ရပ်ဖြစ်တယ်လို့ (ISO) အမှုဆောင်ဒါရိုက်တာ Peter Baron မှ ပြောကြားပါတယ်။ Baron က (၄၁ ) ကြိမ်မြောက် နိုင်ငံတကာ သကြားကောင်စီကို တက်ရောက်ဖို့ အိန္ဒိယမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့လူတစ်ဦးပျမ်းမျှတစ်နှစ်ကို ၂၄ ကီလိုစားသုံးတာထက် စားသုံးမှုအများကြီးလျော့နည်းတဲ့ တရုတ်နဲ့ အာဖရိကတို့ရဲ့ ဝယ်လိုအားက တိုးတက်ဖွယ်ရှိတယ်လို့ ၎င်းင်းကဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ လူတစ်ဦးသကြား စားသုံး မှုက၁၀-၁၁ ကီလိုရှိပြီး၊ အာဖရိက က ပိုမိုလျော့နည်းကြောင်းနဲ့ အိန္ဒိယသကြားစားသုံးမှုကတော့ ၁၉ ကီလိုဝန်းကျင် ရှိတယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘရာဇီးပြီးရင် ကမ္ဘာ့သကြားထုတ်လုပ်မှု ဒုတိယအကြီးဆုံးဖြစ်ပြီး၊ စားသုံးမှုအများဆုံး ဖြစ်ပါတယ်။ ယခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ သကြားထုတ်လုပ်မှုဟာ တန်ချိန် ၂၅ ဒသမ ၂ သန်းခန့်ရှိနိုင်ပြီး ပြည်တွင်း ဝယ်လိုအားမှာ တန် ချိန် ၂၂ သန်းခန့်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အပြောင်းအလဲရှိတဲ့သကြားတင်ပို့မှု မူဝါဒအရ အိန္ဒိယအစိုးရရဲ့ ပြည်တွင်း စား သုံးသူများကို သကြားရောင်းချမှုကြောင့် တိုးတက်မှု နှေးကွေးနေတယ်လို့ဆိုပါတယ်။ ယခုနှစ်အတွင်း အိန္ဒိယက သကြားတန်ချိန် ၃ သန်းတင်ပို့ခွင့်ပြုထားပြီးတဲ့အနက် တန်ချိန် ၁ သန်းကို အခုထိ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ယမင်းခင်၊Source: Business standard
Background