Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 05/14/2012 - 08:13 -- Anonymous (not verified)

ဝါရှင်တန်    မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်ရဲ့ ရုံးတစ်ရုံးကို ဇွန်မှာ ဖွင့်လှစ်မယ်လို့ ကမ္ဘာ့ ဘဏ်က ဧပြီ ၂၆ ရက်က ကြေညာပါတယ်။ ကမ္ဘာ့ဘဏ်က ရန်ကုန်မှာ Country Manager   တစ်ဦးထားပြီး မြန်မာနိုင်ငံအတွက် အကူအညီသစ် အစီအစဉ်တွေကို အထောက်အကူဖြစ် စေမဲ့ စီးပွားရေး သတင်း အချက်အလက်တွေကို ကောက်ယူစုစည်းမှာ ဖြစ်ပါတယ်။Source: AFPဖရန်ဖတ်    ယူရိုဇုန်မှာ ပေးထားတဲ့ ဘဏ် မှာ ကယ်တင်ငွေတွေကို စီမံခန့်ခွဲနိုင် အောင်အဖွဲ့အစည်းတစ်ခု ထူထောင် ဖို့ ဥရောပ ဗဟိုဘဏ်က အာဏာပိုင် တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံ နေရတဲ့ ဘဏ်တွေ ကို ကယ်တင်ငွေ ထုတ်ပေးတဲ့ ကုန် ကျစရိတ်တွေမျှဝေပြီး ခံသင့် မခံသင့် အငြင်းပွားနေချိန်မှာ ဥရောပဗဟို ဘဏ်က ပြင်းပြင်းထန်ထန် ဝင် ရောက် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။Source: reuters.comဆိုးလ်    ဆမ်ဆောင်းရဲ့ ဂယ်လာဆီ စမတ်ဖုန်းတွေနဲ့တဲဘလက်ကွန်ပျူတာ တွေက နိုကီယာထံမှ ဈေးကွက်ဝေစု ကို ရယူနိုင်ခဲ့ပြီး တီဗွီနဲ့ မင်မိုရီချစ်ပ် တွေ ရောင်းချရာမှ ဂျပန်ပြိုင်ဖက် တွေကို ကျော်လွန်နိုင်ခဲ့တဲ့အတွက် ဝင်ငွေအရ ကမ္ဘာပေါ်မှာ အမြင့်ဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ဆမ် ဆောင်းအီလက်ထရွန်းနစ် ကုမ္ပဏီ ရဲ့သုံးလပတ်ဝင်ငွေကစံချိန်တင်ခဲ့ပါ တယ်။ဆမ်ဆောင်းက စမတ်ဖုန်း ၄၄ သန်းအပါအဝင် ဟန်းဆက် သန်း၉၀ ရောင်းချခဲ့ရတယ်လို့ လေ့လာ ဆန်း စစ်သူတွေက ပြောပါတယ်။Source: reuters.comတိုကျို    ဗဟိုဘဏ်က ရပိုင်ခွင့်စာချုပ် စာတမ်းတွေ တိုးမြှင့်ဝယ်ယူရေး အစီ အစဉ်ကို ယန်း ၅ ထရီလီယံ (ဒေါ် လာ ၆၂ သန်း)တိုးမြင့်ကာ ယန်းထရီ လီယံ ၇၀ ထိ တိုးမြှင့်ပြီး ဂျပန်ဗဟို ဘဏ်က ငွေကြေးမူဝါဒ လျှော့ချမှု များကို ဧပြီ ၂၇ ရက်က ဆောင် ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်က မူဝါဒ ဘုတ်အဖွဲ့အစည်းကျင်းပပြီး နောက် အဓိကအတိုးနှုန်းများကို မပြောင်း မလဲဘဲ သုည မှ သုည ဒသမ ၁ အကြား ထားမယ်လို့ ကြေညာခဲ့ပါ တယ်။             Source: AFP