Main menu

Background

ဟွာဝေးရဲ့ ယခုနှစ်စမတ်ဖုန်းအရောင်း ၂၀ ရာခိုင်နှုန်း မြင့်တက်မည်

Mon, 05/14/2012 - 08:25 -- Anonymous (not verified)

    ယခုနှစ်တွင် စမတ်ဖုန်းအရောင်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ မယ်လို့ခန့်မှန်းကြောင်း တရုတ်နိုင်ငံတွင် ဖုန်းကိရိယာများ အများဆုံးထုတ်လုပ် လျက်ရှိတဲ့ ဟွာဝေးတက်ခနော်လော်ဂျီကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီ က ယခုနှစ်သုတေသနလုပ်ငန်းတွေအတွက် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ရင်း နှီးမြှုပ်နှံမယ်လို့ ဧပြီ ၂၅ ရက်က ရှန်းဇင်းဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ ကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေးမှာ ယာယီအမှုဆောင်အရာရှိချုပ်Eric  Xu Zhijun  ကပြောပါတယ်။    Xu က ကုမ္ပဏီမှာ ခြောက်လတစ်ကြိမ်အလှည့်ကျတာဝန်ယူရတဲ့ အမှု ဆောင်အရာရှိချုပ် တာဝန်ကို ယခုသီတင်းပတ်က စတင်တာဝန်ယူခဲ့ပါတယ်။Ren  Zhengfai   ကတရုတ်တပ်မတော်မှ အငြိမ်းစားယူပြီးလေးနှစ် အကြာမှာ Xu နဲ့ အခြားနှစ်ဦးတို့နဲ့ ပူးတွဲပြီး ဟွာဝေးကုမ္ပဏီကို ၁၉၈၇ ခုနှစ်ကစတင် တည်ထောင်ခဲ့ပါတယ်။ ယခင်နှစ်က ကုမ္ပဏီရဲ့ အမြတ်ထက်ဝက်ကျဆင်းပြီး နောက် အများဆုံး မိုဘိုင်းကိရိယာများနှင့် စီးပွားရေးလုပ်ငန်းသုံး ကွန်ပျူတာ ဝန်ဆောင်မှု လုပ်ငန်းတွေကို ချဲ့ထွင်ဖို့ ကုမ္ပဏီက စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။    ကုမ္ပဏီက စမတ်ဖုန်းချစ်ပ်တွေထုတ်လုပ်ပြီး ငွေရှာမယ်လို့ ဌက က ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကုမ္ပဏီရဲ့ အမြတ်အစွန်းက ယွမ် ၁၁ ဒသမ ၆ ဘီလီယံ(ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ)ကို ကျဆင်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က ကုမ္ပဏီရဲ့အမြတ်အစွန်းယွမ် ၂၄ ဒသမ ၇ ဘီလီယံရှိရာကနေ ယခုလို ကျဆင်းခဲ့တာဖြစ်တယ်လို့ ဟွာဝေး ကုမ္ပဏီကဧပြီ ၂၃ ရက်ကထုတ်ပြန်ပါ တယ်။ သုတေသနနဲ့ဖွံ့ဖြိုးမှုအတွက် ပိုမိုသုံးစွဲမှုနဲ့ စမတ်ဖုန်းလိုအများသုံး ကိရိယာတွေနဲ့ လုပ်ငန်းသုံး ကွန်ပျူတာဝန်ဆောင်မှုတွေကို ပင်လယ်ရပ်ခြားမှာ တိုးချဲ့ဆောင်ရွက်တဲ့အတွက် အရှုံးပေါ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။Source.bloomberg.com