Main menu

Background

ဗီယက်နမ်ပို့ကုန်လုပ်ငန်းများ ထူးခြားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရ

Mon, 05/14/2012 - 08:41 -- Anonymous (not verified)

    ဗီယက်နမ်နိုင်ငံရဲ့ ပို့ကုန် လုပ်ငန်း တွေထူးခြားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် တွေ့ကြုံနေရတယ်လို့ ဗီယက်နမ် ပို့ကုန် မြှင့်တင်ရေးအေဂျင်စီက ပြုလုပ်တဲ့ စစ်တမ်းအရ သိရပါတယ်။ စစ်တမ်း ကိုလွန်ခဲ့တဲ့ သြဂုတ်လက စတင်ပြီး သုံး လတာ ဆောင်ရွက်ခဲ့ပါတယ်။ ပို့ကုန် လုပ်ငန်းရှင်တွေ ကုန်သွယ်မှု အသင်း တွေနဲ့ လုပ်ငန်းမြှင့်တင်ရေးစင်တာ တွေပါရှိသလို ပင်လယ်ရပ်ခြား ကိုယ် စားလှယ် အေဂျင်စီတွေအပါအဝင် စုစုပေါင်းဦးရေ ၂၀၀၀ ခန့် ပါဝင်ပါ တယ်။ မတည်ရင်းနှီငွေပြတ်လပ်မှုနဲ့ ဆက်နွှယ်ပြီး "အခက်အခဲ အကြီး အကျယ်" တွေ့နေပါတယ် ဆိုတဲ့ ကုမ္ပဏီ က ၂၄ ရာခိုင်နှုန်းကျော် ရှိပြီး အခြေအနေက "အတော်ကလေးခက်ခဲ နေတယ်"လို့ ပြောသူက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။    သွင်းအားစုပစ္စည်းတွေ ရှားပါးတာ နဲ့ပတ်သက်ပြီး အခြေအနေက"အခက် အခဲအကြီးအကျယ်"တွေ့နေရတယ်လို့ ပြောသူက ၁၇ ရာခိုင်နှုန်းရှိပြီး "အတော် အတန်ခက်ခဲ"နေတယ်လို့ပြောသူက ၂၇ ရာခိုင်နှုန်းရှိပါတယ်။ ဈေးကွက် လိုအပ်ချက်တွေ ရှုပ်ထွေးခက်ခဲမှုနဲ့ ပတ်သက်ပြီး အလွန်အမင်း ခက်ခဲတယ် လို့ပြောသူ ၂၂ ရာခိုင်နှုန်းနဲ့ အတော် အတန် ခက်ခဲတယ်လို့ ပြောသူ ၃၈ ရာခိုင်နှုန်းရှိပါတယ်။    သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင် မှု ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ၁၉ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းအသီးသီး ရှိပါတယ်။    ကုမ္ပဏီတွေက သွင်းအားစု စရိတ် တွေကိုလျှော့နိုင်တယ်။ လုပ်ခကိုလျှော့ ချနိုင်တယ်။ လူသား အရင်းအမြစ်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တယ်။ ဒါပေမဲ့ လူမှုရေး အသုံးစရိတ်တွေကို လျှော့ချနိုင်မဲ့ နည်းလမ်းတွေ မတွေ့ဘူး ဖြစ်နေတယ်လို့ ကုန်သွယ်မှု မြှင့်တင် ရေးအေဂျင်စီမှ ကျွမ်းကျင်သူတွေက အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပြည် တွင်း ပို့ကုန်လုပ်ငန်းရှင်တွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ဈေးနှုန်းသတ်မှတ်တဲ့ အခါ ဈေးကွက်မှာရနိုင်မှုပေါ် မူတည် ပြီး သတ်မှတ်တယ်လို့ သူတို့ကပြောပါ တယ်။ ပြည်တွင်းထုတ်လုပ်သူ အဖွဲ့ တွေကထုတ်ကုန်ကိုကမ္ဘာဈေးကွက်ဝေစု ရဲ့ ၁၀ ရာခိုင်နှုန်းအထိရတဲ့ အဖွဲ့တစ်ဖွဲ့ မှမရှိသေးဘူးလို့ ဆိုပါတယ်။ ပြည်တွင်း လုပ်ငန်းတွေက "ကုန်ကျစရိတ်သက် သာ"တဲ့မဟာဗျူဟာကိုမချနိုင်သေးဘူး။ဒီလိုဖြစ်ရတာကလည်း ထုတ်လုပ်မှု စွမ်း ရည် အကန့်အသတ်ရှိတဲ့အတွက်ဖြစ် တယ်လို့ သူကပြောပါတယ်။ ဒါကြောင့် ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်တွေက ဈေးနှုန်းကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့် မရှိသေးဘူး။ ရေရှည်မှာ ကမ္ဘာ့ဈေးနှုန်း ကို ဆက်လက်မှီခိုနေရဦးမဲ့သဘော ဖြစ် နေတယ်လို့ သူတို့က ပြောပါတယ်။Source.VNS