Main menu

Background

ယူရိုဘွန်းစာချုပ်များကို ဂျာမနီက လက်ခံရမည့် အချိန်ဖြစ်ကြောင်း အိုင်အမ်အက်ဖ်က ပြော

Mon, 05/14/2012 - 08:45 -- Anonymous (not verified)

      ဥရောပသမဂ္ဂအဖွဲ့ဝင်အားလုံးက ဘဏ္ဍာရေး သဘော တူစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည့်အတွက် ဂျာမနီ နိုင်ငံက ယူရိုဘွန်းစာချုပ်များအားဆန့်ကျင်နေခြင်းကို စွန့် လွှတ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) မှ စီးပွားရေးပညာရှင်အကြီးအကဲ အိုလီ ဗီယာ ဘလန်ချတ်က ပြောပါတယ်။    "ဘဏ္ဍာရေး သဘောတူစာချုပ်သို့မဟုတ် ဘတ်ဂျက် စည်းမျဉ်းစည်းကမ်းသဘောတူညီချက်တွေမရှိတုန်းက တခြား နိုင်ငံတွေက တာဝန်မဲ့ချမှတ်ထားတဲ့ မူဝါဒတွေရဲ့ဒဏ်ကိုလက် ခံဖို့ ငြင်းပယ်တာက ဂျာမနီအတွက်အကြောင်းပြချက်ကောင်း ပါတယ်။ဒါပေမဲ့ ယခုအခါမှာ ဘဏ္ဍာရေးမူဝါဒရှိနေပါပြီ။ ယူရို ဇုန်က ယူရိုဘွန်းစာချုပ်တွေ သုံးတဲ့နည်းနဲ့သွားတော့မယ် ဆို တာကို ဂျာမနီကလက်ခံသင့်ပါတယ်"လို့  Financial Times  Deutaland  မှာ ဧပြီ၂၃ ရက်က ရေးသား ဖော်ပြပါတယ်။    ယူရိုဘွန်းများကိုအသုံးပြုတဲ့အတွက် အစိုးရတွေက သူတိုရဲ့ ကြွေးမြီတွေကို ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေရဲ့ ထောက်ခံချက်နဲ့ ဘဏ္ဍာရေးဈေးကွက်ထဲက အလွယ်တကူ ချေးယူနိုင်တော့မှာ ဖြစ်ပါတယ်။ အကယ်၍ ယူရိုဇုန်ကြွေး မြီ ကို စုပေါင်းထားလိုက်မယ်ဆိုရင် ဥရောပမှာ စီးပွားရေးအရ အကြီးဆုံးဖြစ်ပြီး ချေးငွေအတွက် အတိုးနှုန်းနည်းတဲ့ ဂျာမနီ နိုင်ငံက ငွေယိုပေါက်ကြီးကို ဖွင့်ချလိုက်သလိုဖြစ်နေလိမ့်မယ် လို့ဆိုပြီးဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ယူရိုဘွန်း စာချုပ်တွေကို ငြင်းပယ်ခဲ့ပါတယ်။        Source.AFP