Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 05/14/2012 - 08:49 -- Anonymous (not verified)

    အမေရိကန်ပြည်ထောင်စုစီးပွား ရေးကိန်းဂဏန်းအချက်အလက်တွေက ဒေသတွင်း ပို့ကုန်လုပ်ငန်းများအတွက်  အလားအလာကောင်းများဖန်တီးပေးပြီး ရင်းနှီးမြှုပ်နှံသူတွေက ပိုမိုစွန့်စားရတဲ့ ငွေကြေးပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းတွေ ကို သဘောကျလာတဲ့အတွက် တရုတ် (တိုင်ပေ) ဒေါ်လာနဲ့ မလေးရှားရင်း ဂစ်တို့က ဦးဆောင်ပြီး အာရှငွေကြေး များက သီတင်းပတ်အလိုက်တန်ဖိုးမြင့် တက်လာတာကို တွေ့ရပါတယ်။    ဒါပေမယ့် အာရှငွေကြေးတွေ မြင့် တက်လာတာဟာ ဥရောပမှာ ဖြစ်ပွား နေ ေ<ကးမြီအကျပ်အတည်းတွေ စိုးရိမ် နေတာကို စိုးရိမ်မှုကြောင့် အကန့် အသတ်တွေရှိနေပါတယ်။တရုတ်ယွမ်    ပေကျင်းက ယွမ်ငွေကြေးကို တန်ဖိုးမြှင့်ပေးဖို့ ဖိအားသစ်တွေပေးနေ တာနဲ့ အဆင့်မြင့် တရုတ်အမေရိကန် ဆွေးနွေးပွဲနီးကပ်လာတဲ့အတွက် တရုတ်ဗဟိုဘဏ်က ယွမ်ငွေကြေးရဲ့ တန်ဖိုးကို ဧပြီ ၂၇ ရက်နေ့က ဒုတိယ မြောက်နေ့အဖြစ် ဆက်တိုက်တိုးမြှင့်ပေး ခဲ့ပါတယ်။ တရုတ်ဗဟိုဘဏ်က ဒေါ်လာ^ယွမ်ဖလှယ်နှုန်းကို ၆ ဒသမ ၂၇၈၇ ယွမ်နှုန်းထားခဲ့တဲ့အတွက် ၂၀၀၅ ခုနှစ်က တရုတ်ယွမ်ကို ဒေါ်လာ နဲ့ချိတ်ဆက်ထားတာကို ဖြတ်လိုက်ပြီး နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး ဧပြီ ၂၆ ရက်ကရှိခဲ့တဲ့ တစ်ဒေါ်လာ ၆ ဒသမ ၂၈၂၉ ကနေ ယွမ်ငွေတန်ဖိုးမြင့်တက်ခဲ့ တာဖြစ်ပါတယ်။အိန္ဒိယရူပီး    အာရှပြိုင်ဖက်ငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း တဲ့အတွက် ဘဏ်အချင်းချင်း နိုင်ငံခြား ငွေဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးက သုည ဒသမ ၀၅ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၂ ဒသမ ၅၀ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ဒါ့ပြင် ရန်ပုံငွေအဖွဲ့တွေက အိန္ဒိယရှယ်ယာတွေ အဝယ်လိုက်တဲ့ အတွက် ရှယ်ယာဈေးကွက်အဖွင့်မှာ ရှယ်ယာတန်ဖိုးတွေ မြင့်တက်လာတာ ကလည်း ဒေါ်လာတန်ဖိုး မြင့်တက်မှုကို အထောက်အကူဖြစ်စေတယ်လို့ ဝယ် ရောင်းသမားတွေက ပြောပါတယ်။ဂျပန်ယန်း    အမေရိကန်စီးပွားရေးကိန်း ဂဏန်းတွေ အားရစရာမကောင်း အောင် ဆက်ရှိနေပြီး စီးပွားရေးတွန်း အားပေး အစီအစဉ်သစ်ကို ဂျပန်ဗဟို ဘဏ်အစည်းအဝေးက ချမှတ်လိမ့်မယ် လို့ ကုန်သည်တွေက ယူဆထားတဲ့ အတွက် ယူရိုနဲ့ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုးကျပြီး နှစ်မျိုးစလုံးနဲ့ဖလှယ်ရာ ယန်းတန်ဖိုးမြင့်တက်ခဲ့ပါတယ်။    ဒေါ်လာနဲ့ဖလှယ်ရာမှာ ယန်းငွေ တန်ဖိုးက ၈၁ ဒသမ ၃၃ ယန်းမှ ၈၀ ဒသမ ၉၆ ယန်းသို့လည်းကောင်း ယူရိုနဲ့ ဖလှယ်ရာမှာ တစ်ယူရိုကို ၁၀၇ ဒသမ ၄၉ ယန်းမှ ၁၀၇ ဒသမ ၁၈ ယန်းသို့ လည်းကောင်း အသီးသီးပြောင်းလဲခဲ့ ပါတယ်။မလေးရှားရင်းဂစ်    မကြာသေးမီက ရင်းဂစ်တန်ဖိုးမြင့် တက်ခဲ့ရာမှ ယခုအခါ ငွေအထုတ်များ လာသဖြင့် ဧပြီ ၂၇ ရက် မနက်ပိုင်းက ရင်းဂစ်တန်ဖိုးက အပြောင်းအလဲ အနည်းငယ်သာရှိခဲ့ကြောင်း ဝယ် ရောင်းသမားတွေက ပြောပါတယ်။ ဒေါ်လာနဲ့ဖလှယ်ရာရင်းဂစ်တန်ဖိုးက ဧပြီ ၂၆ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၀၄၉၅ ရင်းဂစ်ရှိရာမှ ၂၇ ရက် မနက် ၉ နာရီ ၃၀ မိနစ်မှာ တစ် ဒေါ်လာကို ၃ ဒသမ ၀၄၅၀ ရင်းဂစ် နှုန်းရှိခဲ့ပါတယ်။တောင်ကိုရီးယားဝမ်    တောင်ကိုရီးယားပြည်တွင်း စီးပွား ရေးတိုးတက်မှုက အထောက်အကူပြု တဲ့အတွက် အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးမြင့်တက် ခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ နိုင်ငံ ခြားငွေယူရှင်းတမ်း ပိုငွေက ပို့ကုန်တွေ တိုးတက်လာတဲ့အတွက် ဖေဖော်ဝါရီ က ဒေါ်လာ ၅၅၇ သန်းရှိရာမှ မတ်လ မှာ ဒေါ်လာ ၃ ဒသမ ၀၄ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း ဗဟိုဘဏ်က ပြော ပါတယ်။    ဝမ်ငွေတန်ဖိုးက တစ်ဒေါ်လာကို ၁၁၃၃ ဒသမ ၂၀ ဝမ်နှုန်းရှိနေရာမှ ဧပြီ ၂၇ ရက်မှာ ၁၁၃၅ ဒသမ ၂၀ ဝမ်နှုန်း ကို ရောက်ရှိခဲ့ပါတယ်။ထိုင်းဘတ်    ယခုသုံးလပတ်ကာလမှာ ပို့ကုန် လုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာ တယ်လို့ အစိုးရကပြောပြီး အမေရိကန် စီးပွားရေးနာလန်ထူမှုက အရှိန်ရလာ တာကို စာရင်းဇယားများမှာ တွေ့ရပြီး နောက်ပိုင်း ထိုင်းဘတ်ငွေတန်ဖိုးက ရက်သတ္တပတ်အလိုက် တိုးတက်မဲ့ အခြေအနေကို ဦးတည်လာပါတယ်။ ဥရောပဝယ်လိုအားကျနေချိန်မှာ အမေရိကန်နဲ့ တရုတ်ကို ပို့ကုန်တွေက မတ်လမှာ တိုးတက်လာတာကို တွေ့ရ ပါတယ်။    ဧပြီ ၂၆ ရက် မနက် ၈ နာရီ ၄၅ မိနစ်က ဘန်ကောက်မှာ ဘတ်ငွေ တန်ဖိုးက သီတင်းပတ်အလိုက် သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၈၅ ဘတ် နှုန်းရှိခဲ့ပါတယ်။Source: bloomberg.com,  dowjones.com,AFP,bernama