Main menu

Background

စီးပွားရေးမြှင့်တင်နိုင်အောင် ငွေကြေးမူဝါဒ လျှော့ချဖို့ တရုတ်နိုင်ငံက စီစဉ်

Mon, 05/14/2012 - 08:55 -- Anonymous (not verified)

    ဘဏ္ဍာရေးစနစ်တွင် ငွေဖြစ်လွယ်မှုအလုံအလောက်ရှိစေဖို့အတွက် စီးပွားရေး လုပ်ငန်းများတွင် ငွေချေး လျက်ရှိသောဘဏ်များကထားရှိရမည့် အရန်ငွေကြေး အချိုးအစားကို ပိုမိုလျှော့ချခြင်းအပါအဝင် ငွေကြေးမူဝါဒ လျှော့ချမှုများကို ထပ်မံပြုလုပ်တော့မည့် လက္ခဏာများကို တရုတ်ဗဟိုဘဏ်က ပြသခဲ့သည်။    "အကြမ်းပတမ်းခံနိုင်တဲ့ ငွေကြေးမူဝါဒတွေကို ကျွန်တော်တို့ ဆက်ပြီး အကောင်အထည်ဖော်ရပါမယ်။ ပြီးတော့ တည်ငြိမ်သင့်တော်တဲ့နည်းလမ်းနဲ့ ချေးငွေဖွံ့ဖြိုးမှု ရှိအောင်လမ်းညွှန်နိုင်မဲ့ အစီအမံတွေကိုချမှတ်ရပါမယ်" ဟု တရုတ်ဗဟိုဘဏ်အရာရှိတစ်ဦးက ဧပြီ ၁၈ ရက်က ပြောတယ် ရှင်ဝှာ သတင်း အေဂျင်စီက ကိုးကားဖော်ပြပါတယ်။    လာမဲ့လတွေမှာ ဘဏ်လုပ်ငန်းငွေဖြစ်လွယ်မှုကို ဗဟိုဘဏ်ကထိန်းညှိပေးပြီး နိုင်ငံခြားငွေစီးဝင်မှု မတည်ငွေ လိုအပ်ချက်နဲ့ ရေတိုမှာဖြစ်ပေါ်လာမဲ့ အထူးအချက် အလက်တွေကို စဉ်းစားပြီး ရည်မှန်းချက်ရှိရှိနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ဘဏ္ဍာရေးကုမ္ပဏီတွေကအသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာ စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြု နေတဲ့ အတွက်မတည်ရင်းနှီးငွေပြတ်လပ်နေတဲ့ဒီကုမ္ပဏီတွေအချိန်မီငွေဖြစ်လွယ်မှုရှိအောင် ဗဟိုဘဏ်ကစီစဉ်ဆောင်ရွက်ပေးမယ်လို့ ဗဟိုဘဏ်အရာရှိတစ်ဦးက ပြောပါတယ်။    မူဝါဒလျှော့ချတဲ့အစီအမံတွေကို ထပ်မံထုတ်ပြန်တဲ့ ဗဟိုဘဏ်ကဆောင်ရွက်မဲ့ အခြေအနေတွေတွေ့ ရကြောင်း နိုမူရာဦးပိုင်ကုမ္ပဏီမှ တရုတ်စီးပွားရေး ပညာရှင် အကြီးအကဲ ချန်ချီေ၀ (Zhang Zhiwei) က ပြောတယ်လို့ ဘလွမ်းသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။    တရုတ်ဘဏ်များက ယွမ်ချေးငွေသစ်များကိုမျှော်လင့်ထားသည်ထက် ပိုမို ထုတ်ချေးခဲ့ပါတယ်။ချေးငွေသစ် စုစုပေါင်းက ယွမ် ၁ ဒသမ ၀၁ ယွမ်ရှိသည့်အတွက် ဈေးကွက်ကမျှော်မှန်းထားသော ယွမ်ဘီလီယံ ၈၀၀ ထက် ကျော်လွန်ခဲ့ပါတယ်။ ပထမ သုံးလပတ်တစ်ခုလုံးတွင် ယွမ်ချေးငွေသစ် ၂ ဒသမ ၄၆ ထရီလီယံသို့ရောက် ရှိပြီး တစ်နိုင်ငံလုံး ဘဏ္ဍာရေးဖြည့်ဆည်းမှုသည် ၃ ဒသမ ၈၈ ထရီလီယံရှိခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။                         Source.china daily