Main menu

Background

အာရှမြို့ကြီးများနှင့် ရေဘေး

Mon, 05/14/2012 - 08:55 -- Anonymous (not verified)

            မိုးရာသီမှာ မိုးရွာခြင်းက  လယ်သမားများ အတွက် ဆုလာဘ်ဖြစ်သော်လည်း  လူဦးရေ ၉ သန်းခန့်နေထိုင်သည့် ဂျကာတာမြို့သူ မြို့သားတို့ အဖို့မူ စိုးရိမ်ပူပန်ဖွယ်ဖြစ်နေသည်။ ၂၀၀၇ ခုနှစ် တွင် ရေကြီးခဲ့စဉ်က မြို့တော်၏ ငါးပုံသုံးပုံမှာ ရေ ထဲနစ်မြုပ်ခဲ့ရပြီး လူ ၅၂ ဦး အသက်ဆုံးခဲ့ရသည်။ လူဦးရေ ၄၅၀၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ပေး ခဲ့ရပြီး နစ်နာဆုံးရှုံးမှု  ဒေါ်လာသန်းတစ်ထောင် နီးပါးရှိခဲ့သည်။ ယခင် ၅ နှစ်က ရေလွှမ်းခဲ့ရာတွင် လည်း လူ ၆၀ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၆၅၀၀၀ ကို မဖြစ်မနေ ရွှေ့ပြောင်းပေးခဲ့ရသည်။နောက်ဆုံးမှာတော့ မြို့တော်အာဏာပိုင် များက ဂျကာတာမြို့တော်ရှိ မြစ်ကြောင်း ၁၃ ခု ထဲမှ ၁၀ ခုနှင့် ရှေးဟောင်းတူးမြောင်း တစ်ခုတို့ကို တူးဖော်ရှင်းလင်းရန် ဆုံးဖြတ်ခဲ့သည်။ အလား တူပင် ရေပမာဏများများ ပိုမိုသိုလှောင်ထားနိုင် ရန် ဧရာမရေလှောင်တမံကြီး လေးခုမှ နုန်းမြေများ ကိုလည်း တူးဖော်ရှင်းလင်းမည်ဖြစ်သည်။ ဂျကာ တာမြို့တော်သည် ချိုင့်ဝှမ်းလွင်ပြင်ထဲတွင် ကျ ရောက်နေပြီး မြို့တော်အနီးရှိ  ဂျာဗားပင်လယ် ရေမျက်နှာပြင်အထက် ၁၀ မီတာပင်မမြင့်သည့် ကုန်းမြေဖြစ်သည်။ သို့ဖြစ်ရာ ပထဝီအနေအထား အရ ရေလွှမ်းမိုးနိုင်သည့် အန္တရာယ်ရှိနေသည့်ပြင် ရေစီးဆင်းရမည့်လမ်းကြောင်းများကိုလည်း ဆယ် စုနှစ်များစွာ မတူးဖော်၊ မရှင်းလင်းနိုင်ခဲ့ပေ။ ရေ ကြောင်းများတွင် အနယ်အနှစ်များ စုပုံလာခဲ့ပြီး၊ မြို့တော်မှထွက်သည့် အမှိုက်သရိုက် ငါးပုံတစ်ပုံခန့် ကိုလည်း မြစ်ကြောင်းနှင့် တူးမြောင်းများထဲသို့ နေ့ စဉ် စွန့်ပစ်လျက်ရှိသည်။ရေစီးဆင်းရာလမ်းကြောင်းများကို တူးဖော် ရှင်းလင်းနိုင်မည်ဆိုပါက လွှမ်းမိုးနိုင်သည့် ရေထု ပမာဏကို ထက်ဝက်ကျော်အထိ လျှော့ချနိုင်မည် ဟု ကျွမ်းကျင်သူများကဆိုသည်။ ရေကြောင်းများ တိမ်ကောနေသည့်အပြင်၊ ဂျကာတာမြို့ကြီးသည် မြေထဲသို့ နစ်ဝင်လျက်ရှိသည်။ မြေထဲ ကျွံဝင်လာ ရခြင်းမှာ အထပ်မြင့်အဆောက်အအုံများ ပြွတ် သိပ်လာခြင်းနှင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု ပိုမိုများပြားလာခြင်းတို့ကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့ ဖြစ်ရာ ဂျကာတာမြို့ကြီးမြေအောက်သို့ ကျွံကျ လာသည့်နှုန်းက ရာသီဥတု ပြောင်းလဲလာခြင်း ကြောင့် ဂျာဗားပင်လယ်ရေမျက်နှာပြင် မြင့်တက် လာသည့်နှုန်းထက် ဆယ်ဆခန့် ပိုမြန်နေသည်ဟု ဆိုပါသည်။တကယ်တော့အာရှဒေသတစ်လွှားရှိ ဧရာမ မြို့တော်ကြီးအားလုံးပင် ဂျကာတာမြို့တော် ကြုံ တွေ့နေရသည့် ပြဿနာမျိုးကို ရင်ဆိုင်နေကြရ သည်။ ယင်းပြဿနာသည် ရာသီဥတုပြောင်းလဲ လာခြင်း၊ လူများပြောင်းရွှေ့ အခြေချခြင်းတို့နှင့် ဆက်စပ်နိုင်သည်ဟု  မကြာသေးမီအတွင်းက  ထုတ်ပြန်ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်ထဲမှာပင် အာရှဒေသမှ လူဦးရေ ၄၂ သန်း သည် ရာသီဥတုဆိုးဝါးမှုကြောင့်  နေရာပြောင်း ရွှေ့ခဲ့ကြရသည်။ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့ အတွင်းမှ မော်လ်ဒိုက်၊ တူဗားလူနှင့် ကီရီဘာတီတို့ ကဲ့သို့ လူနေထိုင်ရာမြေနိမ့်ဒေသကျွန်းများနှင့် ဘင်္ဂ လားဒေ့ရှ်ကမ်းရိုးတန်းဒေသများသည် စိုးရိမ်ဖွယ် သတိထားရမည့် နေရာများဖြစ်သည်။ သို့တိုင် အောင် ရာသီဥတုကြောင့် ပြောင်းရွှေ့နေထိုင်မည့် သူများ အစုအပြုံလိုက်  ဝင်ရောက်လာနိုင်သည့် ပင်လယ်ကမ်းရိုးတန်းဒေသရှိ  မြို့ကြီးများသည် ပင်လယ်ရေ မြင့်တက်လာသည့် အန္တရာယ်နှင့် တွေ့ကြုံရဖွယ်ဖြစ်နေသည်။ တရုတ်နိုင်ငံမှ ကွမ်ကျိုး၊ တောင်ကိုရီးယားမှ ဆိုးလ်နှင့် ဂျပန်နိုင်ငံမှ နာဂိုယာမြို့ကြီးများ အပါ အဝင် အရှေ့အာရှဒေသတွင်းရှိ  ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒါကာမြို့တို့မှာ ရေလွှမ်းခံရမည့် အန္တရာယ် ရှိနေသည်။ အိန္ဒိယနိုင်ငံမှ ကိုလ်ကာတား၊ ချင်းနိုင် နှင့် လူဦးရေ သန်း ၂၀ ကျော်နေထိုင်လျက်ရှိသည့် မွမ်ဘိုင်းမြို့မှ  ရပ်ကွက်အများအပြားသည်လည်း ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်ကျလျက်ရှိသည်။ အရှေ့တောင်အာရှဒေသထဲတွင် ထိုင်းနိုင်ငံမှ ဘန် ကောက်၊ ဖိလစ်ပိုင်နိုင်ငံမှ မနီလာနှင့် ဗီယက်နမ် နိုင်ငံမှ ဟိုချီမင်းမြို့တော်တို့သည်လည်း မြေနိမ့်ဒေ သများပင်ဖြစ်သည်။  ထိုမြို့တော်ကြီးများသည် ဂျကာတာမြို့ကဲ့သို့ပင် ရေလွှမ်းမိုးမည့်အန္တရာယ် ကာကွယ်ရေးဆောင်ရွက်ရန် အချိန်များစွာ နှောင့် နှေးလျက်ရှိခဲ့ကြသည်။ ယမန်နှစ်ကပင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဘန်ကောက်မြို့ တည်ရှိ နေသည့် ကျောက်ဖယားမြစ်ရေ လျှံတက်သဖြင့် ဘန်ကောက်မြို့တွင် ရေဘေးကြုံခဲ့ရပြီးဖြစ်သည်။ လူပေါင်းရာနှင့်ချီ  သေဆုံးခဲ့ရပြီး၊ ထိုင်းနိုင်ငံ၏ စီးပွားရေးတွင် ဒေါ်လာ ၄၆ ဘီလီယံခန့် ထိခိုက် ဆုံးရှုံးခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။အလားတူပင် ယမန်နှစ်က မဲခေါင်မြစ်ရေ ကြီးသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏  ဒေသအများ အပြား ဒုက္ခရောက်ခဲ့ရသည်။  ယင်းဖြစ်ရပ်မှာ ဒေသအတွင်း ရေဘေးအန္တရာယ် ကျရောက်နိုင် မည့် သတိပေးချက်တစ်ရပ်ဖြစ်သည်ဟု အာရှဖွံ့ဖြိုး ရေးဘဏ်မှ ရာသီဥတုပြောင်းလဲမှု အစီအစဉ်၏ အကြီးအကဲဒေးဗစ်မက္ကောလေးက သုံးသပ်သည်။ မဲခေါင်မြစ်ကြောင်း၏  မြောက်ဘက်ကပ်လျက်ရှိ သည့် ဆေးဂုံမြစ်ကမ်းပေါ်ရှိ ဟိုချီမင်းမြို့တော်မှာ အန္တရာယ်အရှိဆုံးဖြစ်နေသည်။ လူဦးရေ ၆ သန်း ကျော်နေထိုင်ပြီး ဗီယက်နမ်နိုင်ငံစီးပွားရေး၏ ငါးပုံ တစ်ပုံအထိ စုဝေးတည်ရှိနေသည့် ဟိုချီမင်းမြို့ တော်အတွက် ရေဘေးကာကွယ်ရေးကို သိသိသာ သာ မဆောင်ရွက်နိုင်ခဲ့ပါလျှင် ဘေးဒုက္ခကြုံရလိမ့် မည်ဟု  အာရှဖွံ့ဖြိုးရေးဘဏ်က ကြိုတင်ဟော ကိန်းထုတ်ထားသည်။ရေဘေးကာကွယ်ရေးအတွက် ရုပ်ဝတ္ထုပိုင်း အကာအကွယ်များ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မြို့ပြတိုးချဲ့ရေးနှင့် စက်မှုလုပ်ငန်းများ တိုးချဲ့ခြင်း၊ နေရာပြောင်းလဲချထားခြင်းတို့ကို ကန့်သတ်ထိန်း ချုပ်ရန်လည်း အရေးကြီးသည်ဟု ကျွမ်းကျင်သူများ ကထောက်ပြကြသည်။ မြို့ပြတိုးချဲ့ ထူထောင်ခြင်း ကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုအတွင်း အပူ ချိန်တိုးမြင့်လာခြင်း၊ မိုးရွာသွန်းမှုပိုများလာခြင်းနှင့် ရေလွှမ်းမိုးမှု ပိုမိုဖြစ်ပွားလာခြင်းတို့ကို တွေ့ရသည် ဟုဆိုပါသည်။ ရေလွှမ်းခံရမည့်ဒေသများကို ကွန် ကရစ်ဖို့ရုံဖြင့် အကျိုးရှိနိုင်မှာမဟုတ်ပေ။ စီးပွား ရေးလုပ်ငန်းများ၊ ကျူးကျော်ရပ်ကွက်များ အပါ အဝင် မြို့နေလူဦးရေတို့ကို ဘေးကင်းရာနေရာများ တွင် အခြေချနေထိုင်ကြရေးအတွက် အာဏာပိုင် များက ပိုမိုတိုက်တွန်းအားပေးရန် လို အပ်သည်ဟု ဆိုပါသည်။        Ref; The Economist.