Main menu

Background

ပြင်သစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲရလဒ်သည် အီးယူဒေသတွင်း ကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများကို ထိခိုက်စေလိမ့်မည်ဟု စိုးရိမ်ပူပန်ကြမှုကြောင့် ယူရိုငွေတန်ဖိုး ကျဆင်းလာ

Mon, 05/14/2012 - 09:03 -- Anonymous (not verified)

            ပြင်သစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲရလဒ်က အီးယူဒေသတွင်း ကြွေးမြီအကျပ် အတည်းကိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေကို ထိခိုက်စေလိမ့်မယ်လိ့ု စိုးရိမ်ပူပန်ကြမှု ကြောင့် ဧပြီလ ၂၃ ရက်က ယူရိုငွေတန်ဖိုးက ဂျပန်ယန်းငွေနဲ့လဲလှယ်ရာမှာ ငါးရက် အတွင်း ပထမဆုံးအကြိမ်အဖြစ် တန်ဖိုးကျဆင်းလာတယ်။ ဧပြီ ၂၃ ရက် လန်ဒန် စံတော်ချိန် နံနက် ၈း၃၇ နာရီ ကမ္ဘာ့ငွေလဲနှုန်းတွေအရ ယူရိုငွေက ဂျပန်ယန်းငွေနဲ့ လဲလှယ်ရာမှာ ၁ဒသမ ၁ ရာခိုင်နှုန်းကျဆင်းကာ ၁၀၆ ဒသမ ၅၇ ယန်းနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ယူရိုငွေက ကန်ဒေါ်လာနဲ့  လဲလှယ်ရာမှာလည်း တန်ဖိုး သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်ယူရိုကို ၁ ဒသမ ၃၁၄၀ ဒေါ်လာဖြစ်လာတယ်လိ့ု သိရတယ်။  ဒါပေမဲ့ ကန်ဒေါ်လာက ဂျပန်ယန်းနဲ့ လဲလှယ်ရာမှာ  တန်ဖိုးကျဆင်း သွားပြီး တစ်ဒေါ်လာကို ၈၁ ဒသမ ၀၉ ယန်းအဖြစ် အရောင်းအဝယ်ဖြစ်ခဲ့တယ်။Source:Bloomberg.com, ပပ