Main menu

Background

အီရတ်မှ ရေနံတင်ပို့မှုအချို့ ရပ်ဆိုင်းထားမှုနှင့် ကမ္ဘာ့စီးပွားရေးကာကွယ်ရန်အတွက် IMF မှ ရန်ပုံငွေထုတ်ပေးမည့် အစီအစဉ်ကြောင့် ရေနံစိမ်းဈေးမြင့်မားလာ

Mon, 05/14/2012 - 09:06 -- Anonymous (not verified)

အီရတ်နိုင်ငံက ရေနံစိမ်းတင်ပို့မှုအချို့ကို ရပ်ဆိုင်းလိုက်တဲ့အပြင် ကမ္ဘာ့စီးပွားရေးကို ကာကွယ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF)  က ကန်ဒေါ်လာ ၄၃၀ ဘီလီယံကျော်ထောက်ပံ့ဖို့ သဘောတူလိုက်ပြီးနောက်ပိုင်း ဧပြီ ၂၃ ရက်မှာ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းတွေက သုံးရက်အတွင်း အမြင့်ဆုံးနီးပါးနှုန်းနဲ့ အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လိ့ု သိရတယ်။ဇွန်လအရောက်ပို့မယ့် ရေနံစိမ်း (WTI Oil) က တစ်စည်ကို ၁၀၃ ဒသမ ၇၃ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်း ဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လိ့ု သိရတယ်။ ဇွန်လငွေချေရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၂ ရာခိုင်နှုန်းမြင့်မားကာ ၁၁၈ ဒသမ ၇၈ ဒေါ်လာနဲ့ လန်ဒန်  ICE Futures Europe Exchange မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရတယ်။ အီရတ်က ရေနံတင်ပို့မှုအချို့ကို ရပ်ဆိုင်းလိုက်ရခြင်းမှာ အိမ်နီးချင်းတူရကီနိုင်ငံရှိ ရေနံပိုက်လိုင်း ကွန်ရက်တစ်ခုမှာ အမှားအယွင်းတစ်ခုကြောင့် ရေနံတင်ပို့မှုကို ရပ်ဆိုင်းထားရတယ်လိ့ု သိရတယ်။ ကမ္ဘာ့ဒုတိယမြောက် ရေနံစိမ်းသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုပမာဏက ခြောက်လမြောက်ကာလအဖြစ် ကျုံ့သွားဖွယ်ရှိတယ်လိ့ု သတင်းထုတ်ပြန်လာသော်လည်း ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုအများဆုံး အမေရိကန်ပြည်ထောင်စုရဲ့ ရေနံ စိမ်းဝယ်လိုအား မြင့်မားလာမယ်လိ့ု ခန့်မှန်းထားကြတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ပထမသုံးလပတ်အတွင်း အမေရိကန် ပြည်ထောင်စုရဲ့ စားသုံးသူသုံးစွဲမှုပမာဏ ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားခဲ့ရာ ၂၀၁၀ ခုနှစ်ကုန်ပိုင်း နောက်ပိုင်း အမြင့်ဆုံး ရာခိုင်နှုန်းဖြစ်တယ်လိ့ုသိရတယ်။ ၎င်းအချက်အလက်တွေက ရေနံစိမ်းဈေးနှုန်းကို အထောက်အပံ့ဖြစ်စေတယ်လို့ သုံးသပ်ကြ တယ်။                                                                                                                                                                                                              Source:Bloomberg.com,  ပပ