GSM/ WCDMA မိုဘိုင်းဖုန်းများကို မေ ၃ ရက်မှစ၍ မြန်မာတစ်နိုင်ငံလုံးအနှံ့ ပြောဆိုနိုင်မည်ဖြစ်
GSM/ WCDMA မိုဘိုင်းဖုန်း များကို မေ ၃ ရက်မှစပြီး ရန်ကုန်နဲ့ မန္တလေးမြို့အပါအဝင် မြန်မာ တစ်နိုင်ငံ လုံးအနှံ့ရှိ GSM/ UMTS Station ရှိတဲ့နေရာများမှာ ဖုန်းပြောဆိုနိုင်မယ် လို့ မြန်မာ့ဆက်သွယ်ရေးမှ ကြေညာ ထားကြောင်း သိရပါတယ်။၂၀၁၂ ခုနှစ်၊ မတ် ၁၄ ရက်မှစပြီး ရောင်းချပြီးဖြစ်တဲ့ GSM/ WCDMA မိုဘိုင်းဖုန်းများဟာ လတ်တလောမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်များအတွင်းကို ယူဆောင်ပြီး ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသေးပဲ GSM/ UMTS Station ရှိတဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျန်နေရာ များမှာ ဆက်သွယ်ပြောဆိုလို့ရဖို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ် လီဖုန်းတိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ပထမနှစ်၊ ပထမအဆင့် စီမံကိန်းလုပ် ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။၂၀၁၂ ခုနှစ် မေ ၃ ရက်မှစပြီး ရန်ကုန်နဲ့ မန္တလေးမြို့များအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ GSM/ UMTS Station ရှိတဲ့နေရာများမှာ ပြောဆို နိုင်ဖို့ GSM/ UMTS Network အား ပိုမိုကောင်းမွန်အောင် Transmission လမ်းကြောင်းများနဲ့ Gateway များ တိုး ချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရပါ တယ်။
