Main menu

Background

ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်းဒါးရက်ကန်းကျောင်း အဆင့်မြှင့်တင်ရေး ဆွေးနွေး

Mon, 05/14/2012 - 09:21 -- Anonymous (not verified)

          ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆောင်းဒါးရက်ကန်းကျောင်း အဆင့်မြှင့်တင်ရေးစာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနဲ့ အရောင်းပြပွဲကို ဧပြီလဆန်းက ဆောင်းဒါးရက်ကန်းကျောင်း သင်တန်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို သမဝါယဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်း၊ ရက်ကန်းလုပ်ငန်း အတတ်ပညာရှင်၊ လုပ်ငန်းရှင်များ၊ ရက်ကန်းကျောင်း ကျောင်းအုပ်များနဲ့တာဝန်ရှိသူများ  တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆောင်းဒါးရက်ကန်းကျောင်းအဆင့်မြှင့်တင် ရေးစာတမ်းများ ဖတ်ကြားခဲ့ရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစားမှ လမ်းရိုးဟောင်းမှာဆင့်ကာထွင် စာတမ်း၊ ဦးအေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ)မှ ဒီဇိုင်းစင်တာမြန်မာဖွဲ့စည်း တည်ရှိသင့်ကြောင်း မျှော်မှန်းချက်တင် ပြခြင်းစာတမ်း၊ ဦးစန်းဝင်း (မြခွာညိုပိုးထည်တိုက်၊ အမရပူရမြို့)မှ ရက်ကန်းကျောင်းများမှာ ခေတ်မီနည်းပညာများ၊ အတတ်ပညာ များ လေ့ကျင့်သင်ကြားပေးနိုင်ရေးစာတမ်း၊ ကိုအောင်ဆန်းမြင့် (ရွှေလက်ရာ၊ နန်းမတော်ရပ်)မှ ရက်ကန်း လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးနဲ့ ဆောင်းဒါးရက်ကန်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ခြင်း နဲ့ ခေတ်မီနည်းစနစ်များ ကို လေ့လာအသုံးချနိုင်ရေးစာတမ်း၊ ဒေါ်တင့်တင့် (ကျောင်းအုပ်၊ဆောင်းဒါးရက်ကန်းကျောင်း)၊ ဦးမြသန်း(အထက်တန်းရက် ကန်းကျောင်း၊မိတ္ထီလာမြို့)၊ ဒေါ်ခင်ဝင်းကြည်(အထက်တန်းရက်ကန်းကျောင်း၊ တောင်ကြီး မြို့)နဲ့ လေ့ကျင့်ရေးဌာနခွဲ အသေးစားစက်မှုဦးစီးဌာနတို့မှ ရက်ကန်းကျောင်းများမှာ ခေတ်မီနည်းပညာများ၊ အတတ် ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရေး စာတမ်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ နန္ဒာစိုးအေးက ရက်ကန်းပညာ တိုးတက်မှုကို Computer  နဲ့ မြှင့်တင်ဖို့စာတမ်း၊ ဦးကျော်ထွန်းနဲ့ ကိုခင်မောင်ဇော်တို့မှ ရက်ကန်းလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးစာတမ်းများဖတ်ကြားခဲ့ရာ တက်ရောက်လာတဲ့ ရက်ကန်းပညာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။ဆက်လက်ပြီး မြန်မာ့ရိုးရာရက်ကန်းထည်များ၊ သဘာဝဆိုးဆေးများနဲ့ ရက်ကန်းထည်များရောင်းချတဲ့ ဈေးဆိုင် ခန်းများအား တက်ရောက်လာသူများမှ အားပေးကြည့်ရှုခဲ့ကြောင်းသိရပါတယ်။