Main menu

Background

သြင်္ကန်အပြီး ဓာတ်ဆီဈေး မြင့်တက်

Mon, 05/14/2012 - 09:25 -- Anonymous (not verified)

မန္တလေးဈေးကွက်မှာ သြင်္ကန်ပွဲ တော်ကာလမတိုင်မီ ဓာတ်ဆီကြိုတင် ဝယ်ယူထားပြီး  ရောင်းချလျက်ရှိခြင်း ကြောင့် သြင်္ကန်ကာလအပြီး ဓာတ်ဆီ သိုလှောင်မှုမှာ ဈေးကွက်မှာ လက်ကျန် နည်းနေပြီး ဈေးအနည်းငယ် မြင့်တက် လာကြောင်း သိရပါတယ်။ဇွဲမိသားစု စက်သုံးဆီရောင်းဝယ် ရေးမှ ဦးမျိုးသန့်က "ဒီနှစ်သြင်္ကန်က မနှစ်ကလောက်မရောင်းရဘူး။ ရွှေကျင် ဆီဆိုင်တန်းကိုတော့  နယ်ဝယ်လက် တွေဝယ်ကြတယ်။ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ မတ္တရာ၊ မိုးကုတ်ကားတွေ ဝယ်ယူမှုများတာ။ ဒီနှစ်က ဆိုင်ကယ် တောင် အဝယ်နည်းတယ်။ သြင်္ကန်ပြီးမှ ဝယ်လက်ဆင်းလာတဲ့အတွက်ဈေးကွက် ထဲမှာ လက်ကျန်နည်းနေလို့ ဈေးပြန် တက်လာတာ။ ခါတိုင်းဆို သြင်္ကန်ကာ လမှာ ဈေးတက်နေကျ။ ဒီနှစ်မှာကျ တော့ သြင်္ကန်ရက်ကို  ဈေးမတက်ဘဲ ဝယ်လိုအားလည်းနည်းတယ်။ ဝယ်လို အားက တစ်ဝက်လောက် လျော့ကျ လာတယ်"လို့ ပြောပါတယ်။ရွှေကျင်ဆီဆိုင်တန်းမှာ ဆိုင်ခန်း ပေါင်း ၅၇ ခန်းမှ စက်သုံးဆီအရောင်း အဝယ်ပြုလျက်ရှိပြီး၊ ယခုနှစ်မှာ ဆီပန့် ဆိုင် နှစ်ဆိုင်တိုးလာကြောင်း သိရပါ တယ်။ စက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီ ဂါလန် ၅၀ ဝင်  တစ်ပေပါကို သြင်္ကန် ကာလအတွင်း ကျပ် ၂၁၅၀၀၀ ဈေးမှ ဧပြီ ၂၀ရက်မှစပြီး ကျပ် ၂၂၀၀၀၀ ဈေး နဲ့အရောင်းအဝယ်ရှိပါတယ်။ ဒီဇယ် အရောင်းအဝယ်မှာ ပုံမှန်ရှိပြီး၊ ဈေးငြိမ် လျက်ရှိပါတယ်။ ဒီဇယ် တစ်ပေပါကို ကျပ် ၁၉၆၀၀၀ ဈေးရှိကြောင်း သိရပါ တယ်။