လုပ်ငန်းရှင် ယူမိုင်ဆိုမီရာ နှင့် တိုကျိုပတ်ဝန်းကျင်ထိန်းသိမ်းရေး
လူအတော်များများက ဟင်းသီးဟင်းရွက်နဲ့ ပင်လယ်စာရောစပ်ထားတဲ့ ဂျပန်နိုင်ငံက တင်ပူ ရာကြော်ရဲ့အရသာကို ခံစားဖူးကြပေမဲ့ အဲဒီ အစားအစာကိုကြော်ပြီး ကျန်ခဲ့တဲ့ဆီတွေရဲ့ အခြေ အနေကိုတွေးမိခဲ့ကြမှာ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့ လူနေအိမ်မီးဖိုချောင်၊ ဟိုတယ်နဲ့ စားသောက်ဆိုင် တွေကနေ တစ်နှစ်ကိုကြော်ပြီးဆီ တန်ချိန် ၂ သိန်း ခန့်စွန့်ပစ်နေကြတယ်လို့ သိရပါတယ်။ အဲဒီကနေ အသုံးပြုပြီးဆီတွေကို နောက်ဖေးမြောင်းတွေက တစ်ဆင့် ဒေသတွင်းချောင်းမြောင်းနဲ့ မြစ်တွေ အတွင်းကို ရောက်ရှိသွားပြီး ရေထုကိုညစ်ညမ်းစေ ခဲ့ပါတယ်။ယခုအခါ အသက် ၄၀ ကျော်ရှိပြီဖြစ်တဲ့ ယူမိုင်ဆိုမီရာ(့Yumi So meya) ပိုင် U's Corpo- ration ကြီးဟာ သူမရဲ့ဘိုးဘွားလက်ထက် ၁၉၄၉ ခုနှစ်လောက်ကတည်းက ကြော်ပြီးစွန့်ပစ်ဆီတွေ ကိုစုဆောင်းပြီးသန့်စင်တဲ့ ဆီတွေပြန်လည်ထုတ် လုပ်ရောင်းချတဲ့ လုပ်ငန်းကိုလုပ်ကိုင်လာခဲ့ပါတယ်။ ဆိုမီရာအသက် ၁၈ နှစ်အရွယ်မှာ နီပေါနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့စဉ် မြို့ပြတွေတိုးချဲ့ ဖို့နဲ့လမ်းတွေဖောက်လုပ်ဖို့သစ်တောတွေအမြောက် အမြား ခုတ်ထွင်ရှင်းလင်းနေတာကို စိတ်ပျက်စရာ မြင်တွေ့ခဲ့ရပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းတွေကို တတ်နိုင်သ၍ ဆောင် ရွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သူမ က "ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ကြွယ်ဝချမ်းသာ လာတာတွေကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်း ကျင်ကြီးကတော့များစွာ ပျက်စီး ယိုယွင်းသွားခဲ့ရပြီ"လို့ ပြောပါတယ်။ဆိုမီရာက သူမရဲ့ဖခင်ကို သူတို့ရဲ့ ကုမ္ပဏီ အား ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီးပွားရေးလုပ် ငန်းတစ်ခုအဖြစ် ပြောင်းလဲလုပ်ကိုင်သွားဖို့ တိုက် တွန်းခဲ့ပါတယ်။ ကြော်ပြီးဆီတွေကို ဓာတ်မြေသြ ဇာထုတ်လုပ်ရာမှာလည်းကောင်း၊ ဆပ်ပြာထုတ် လုပ်ရာမှာလည်းကောင်း အသုံးပြုလာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၂ ခုနှစ်ရောက်တော့ ဆိုမီရာဟာ ကြော်ပြီးဆီတွေကို ဘိုင်အိုဒီဇယ် (biodiesel) ထုတ်လုပ်နိုင်ကြောင်း သိရှိလာခဲ့ပါတယ်။ ဆိုမီရာ ရဲ့ကုမ္ပဏီနဲ့ ဟိုကိုင်းဒိုးတက္ကသိုလ်က သုတေသီ တွေဟာ ၉ လကြာ သုတေသနပြုလုပ်ပြီးနောက် ကြော်ပြီးဆီကနေ ဘိုင်အိုဒီဇယ်ထုတ်လုပ်နိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီလောင်စာဆီကို ဟင်းသီးဟင်းရွက်ဒီဇယ်လောင်စာဆီ (Ve getable Diesel Fuel-VDF) လို့ အမည်ပေးခဲ့ပါတယ်။ VDF လောင်စာဆီဟာ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ လို လေထုကိုညစ်ညမ်းစေတဲ့ ဆာဖာအောက်ဆိုဒ် ဓာတ်ငွေ့တွေ ထုတ်လွှတ်ခြင်းမရှိ ဘူးလို့သိရပါ တယ်။ တစ်ဂါလန်ကို ၄ ဒေါ်လာနဲ့ ဝယ်ယူအသုံး ပြုနိုင်လို့လည်း ဈေးနှုန်းသိပ်မများဘူးလို့ ဆိုနိုင်ပါ တယ်။လောလောဆယ် VDF လောင် စာဆီတွေ ကို ဆိုမီရာရဲ့ကုမ္ပဏီက ကြော်ပြီးဆီ စုဆောင်း သယ်ယူတဲ့ ကုန်တင်ကားကြီးတွေနဲ့ တချို့တိုကျို မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေမှာအသုံး ပြုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့စက်ရုံတွေနဲ့ တိုကျို မြို့က အမိမြေကမ္ဘာနေ့ (ပတ်ဝန်းကျင်ထိန်းသိမ်း ရေး) ပွဲတော်အတွက် လျှပ်စစ်ဓာတ်အားပေးတဲ့ စံပြလုပ်ငန်းတွေမှာ အသုံးပြုပါတယ်။ ဆိုမီရာရဲ့ ကုမ္ပဏီကနေ VDF လောင်စာဆီထုတ်လုပ်နိုင်တဲ့ စက်တွေကိုလည်း တီထွင်ရောင်းချပေးခဲ့ပါတယ်။ဆိုမီရာရဲ့ U's Corporation ဟာ တစ်လ ကို စားသောက်ဆိုင်ပေါင်း ၅၄၀၀ နဲ့ ကုမ္ပဏီရဲ့ အဝယ်ဆိုင် ၁၀၀ ကနေ ကြော်ပြီးဆီ တန် ၁၀၀ ကို ရရှိတယ်လို့ သိရပါတယ်။ သူမအနေနဲ့လာမယ့် ၅ နှစ်အတွင်း တိုကျိုမြို့ကြီးမှာ နေ့စဉ်စွန့်ပစ်ခံမယ့် ကြော်ပြီးဆီ အားလုံးကို စုဆောင်းသိမ်းယူမယ့် စီမံကိန်းကို ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ အဲဒီစီမံကိန်းကို "Tokyo Yuden 2017" လို့ အမည်ပေးထားပါတယ်။ ယူဒန် (Yuden) ရဲ့ အဓိ ပ္ပာယ်က"လောင်စာဆီတွင်း"လို့သိရပါတယ်။ ဆိုမီ ရာက "ဒီစီမံကိန်းကြီးကို အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လုပ်သင့် လုပ်ထိုက်တဲ့လုပ်ငန်းဖြစ်ပြီး ဒီလိုလုပ်ရတာကို လည်း ကျွန်မအနေနဲ့ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်ကိုင်ရင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာတချို့ကို ဖြေရှင်းပေးနိုင်လို့ပဲဖြစ်ပါတယ်" လို့ ပြောကြောင်းပါခင်ဗျား။ ။Ref;"Heroes of the Enviroment" (Time)
