Main menu

Background

တစ်ပတ်အတွင်း အားကစားသတင်းတိုများ

Mon, 05/14/2012 - 09:40 -- Anonymous (not verified)

      တောင်ကိုရီးယားနိုင်ငံတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေး စင် ယူ-၂၂ကစားသမားများအနေဖြင့် ယခုထက်ပို၍ လေ့ကျင်မှုပြင်းပြင်း ထန်ထန် ပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်နည်းပြချုပ် ပတ်ဆောင်ဟွာက ထုတ်ဖော်ပြောကြားလိုက်သည်။      ၂၀၁၂ အာဆီယံဖူဆယ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာဖူဆယ် လက်ရွေးစင်အသင်းသည် ဖိလစ်ပိုင်အသင်းအား ၄-၅ဂိုးဖြင့် ရှုံးနိမ့်ကာ အဖွင့် မလှဖြစ်ခဲ့ရကြောင်း သိရသည်။      ရန်ကုန်ယူနိုက်တက်အသင်း၏ကစားသမားဟောင်း နိုင်ဂျီးရီးယားနိုင်ငံသား ချားလ်စ်အိုဘီသည် ကမ္ဘောဇအသင်းနှင့်စာချုပ်ချုပ်၍ ဒုတိယအကျော့တွင် ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။      ကမ္ဘောဇအသင်းအနေဖြင့် ဆောက်သမ်းမြန်မာအသင်း၏ဂိုးသမားယူ-၂၂  လက်ရွေးစင်ပြည့်ဖြိုးအောင်အားခေါ်ယူရန်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။      ရာသီဝက်ကာလတွင် အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နေခဲ့ပြီး ရာသီ ဝက်ချန်ပီယံဖြစ်ခွင့်ရရှိခဲ့သော်လည်း ရှေ့တွင်အလွန်ခက်ခဲသောအမှတ်ပေး  ပွဲ ၁၃ပွဲကျန်နေသေးသည်ကို မိမိတို့မေ့လျော့နေမည်မဟုတ်ကြောင်း ကမ္ဘောဇ အသင်းနည်းပြချုပ် ဦးသန်းထိုက်က ပြောကြားလိုက်သည်။    ရန်ကုန်ယူနိုက်တက်နည်းပြချုပ် အဲရစ်ဝီလျံက ရန်ကုန်-ချောင်ဘူရီပွဲစဉ်တွင် ချောင်ဘူရီနည်းပြ ဝီသာရပြောကြားခဲ့သည့် ငါးဂိုးပြတ်ရှုံးနိမ့်ပါက ရာထူးမှ နုတ်ထွက်မည်ဟူသောစကားနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားလိုက်ပြီးလူကြီး လူကောင်းမဆန်ဟု ပြင်းပြင်းထန်ထန်ဝေဖန်လိုက်သည်။