ရိဒ်ရွှေပြည်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါ်ပြေအေးက လမ်းများရာသီမရွေး သွားလာနိုင် တဲ့အခြေအနေထိ ကောင်းမွန်လာလျှင် ကုန်သည် လုပ်ငန်းရှင်များကလည်း ကုန်ပစ္စည်းများ ပိုမို တင်ပို့တင်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ မတ် ၂၆ ရက်က ရိဒ်ခေါဒါရ်နယ်စပ်ကုန် သွယ်ရေးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပြော ကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းများ တင်ပို့ရာမှာ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်ကို သာမက အိန္ဒိယနိုင်ငံမြို့ကြီးများထိ တင်ပို့နိုင်ရေး ကုန်သည်များနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ လည်း ဒေါ်ပြေအေးက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေး မှူး ဦးမျိုးမင်းက နိုင်ငံတော်မှ ကုန်သည်လုပ်ငန်း ရှင်များ လုပ်သာကိုင်သာရှိစေရန် အခွန်အခများ ကင်းလွတ်ခွင့်ပြုခြင်း၊ ကုန်သွယ်မှု လျင်မြန်ချော မွေ့စေရေး အတားအဆီးများအား ဖြေလျှော့ပေး နေကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များက ကုန် သွယ်မှုတိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တစ်ဖက်နိုင်ငံရဲ့ ဈေးကွက်အခြေ အနေများကိုလည်း မျက်ခြည်မပြတ် စုံစမ်းလေ့ လာပြီး အမယ်သစ်ပို့ကုန်များ တင်ပို့တင်သွင်းနိုင် ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နဲ့ ကုန်သည် လုပ်ငန်းရှင်များ၊ ဥှ အဖွဲ့ဝင်များနှင့် မိတ် ဖက်ဌာနဆိုင်ရာများကလည်း ကုန်သွယ်မှုလုပ်ငန်း များတိုးတက်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက် သွားကြရန် ပြောကြားခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
Background