Main menu

Background

တောင်ကြီးမြို့တွင် သစ်သီးဝလံ ရောဂါပိုးမွှားများကာကွယ်နှိမ်နှင်းရေး သင်တန်းဖွင့်လှစ်

Mon, 05/14/2012 - 09:55 -- Anonymous (not verified)

မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ  သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်း (MFVP)နဲ့ ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအဖွ့ဲ(FAO)  တို့ပူးပေါင်းပြီး သစ်သီးဝလံ (အဓိက သရက်သီး)များမှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားများကာကွယ်နှိမ်နင်းရေးသင်တန်း (Training  of  Trainers  on  Integrated  Pest  management  on  Bactrocoro  Fruit  Fly  Management  for  mongoes) ကို ၂၀၁၂ ခုနှစ် ဧပြီ ၂၀ ရက်မှာ တောင်ကြီးမြို့ အေးသာယာဂေါက်ကလပ် အစည်းအဝေးခန်းမမှာ စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။    သင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန(တောင်ကြီး) ပြည်နယ်မန်နေဂျာ၊ လယ်ယာထွက်ကုန်ပြည်နယ် မန်နေဂျာ၊ MFVP  ရုံးချုပ်မှ အတွင်းရေးမှူး၊ FAO အဖွဲ့မှ သင်တန်းဆရာများနဲ့ သရက်သီး အဓိကစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချတဲ့ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ရပ်စောက်၊ အင်တောဇုန်များမှ ခြံရှင်တောင်သူများ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်များမှ သရက်၊ ကျွဲကောခြံရှင်တောင်သူသင်တန်းသား ၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရပါတယ်။သင်တန်းကာလမှာ ၂၀၁၂ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(တောင်ကြီးမြို့)မှာ ယခုသင်တန်း အပါအဝင် GAP  သင်တန်း ငါးကြိမ်၊ Organic  သင်တန်း သုံးကြိမ် ဖွင့်လှစ်သင်ကြားပို့ချပြီးဖြစ်ကြောင်း သိရှိရပါတယ်။                                                                                         ခွန်ကျော်ဌေး