WTO ကုန်သွယ်မှုစနစ်၏ အကျိူးဖြစ်ထွန်းစေမှု ၁၀ ခု
ကျွန်တော်တို့ အိတ်ကပ်တွေထဲမှာ ရှိနေတဲ့ ငွေတွေနဲ့ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခုအတွင်းမှာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ကျွန်တော် တို့ကအသုံးပြုနိုင်တာကြောင့် WTO ကုန်သွယ် မှုစနစ်က အကျိုးဖြစ်ထွန်းမှုတွေ များစွာပေးလာစေ နိုင်တာဖြစ်တယ်။ကမ္ဘာကြီးမှာ အရာရာတိုင်းက ရှုပ်ထွေးသလို ကုန်သွယ်မှုသဘာဝကလည်း ရှုပ်ထွေးပြီး လျင် မြန်တဲ့ အခြေအနေတွေကို ဖန်တီးဖြစ်ပေါ်စေ လျက်ရှိတယ်။ WTO ရဲ့ကုန်သွယ်မှုစနစ်တွေက နေ အရာရာတိုင်းကို ပြီးပြည့်စုံနိုင်စေမှု မရှိစေ ပေမယ့် အကျိုးဖြစ်ထွန်းမှုတွေ ဖြစ်စေခဲ့တာကို တော့ မီးမောင်းထိုးပြနိုင်ခဲ့တယ်။WTO ကုန်သွယ်မှုစနစ်ကနေ ဖြစ်ထွန်းပေါ် ပေါက်လာစေတဲ့ အကျိုးဖြစ်ထွန်းမှု(၁၀)ခုက (၁) WTO ကုန်သွယ်မှုစနစ်ကနေ ငြိမ်းချမ်း မှုမြင့်မားစေဖို့ ပံ့ပိုးမှုဖြစ်စေတယ်။ (၂) WTO ကုန်သွယ်မှုစနစ်ကနေ အငြင်း အခုံဖြစ်မှုများကို အပြုသဘော ကိုင် တွယ် ဖြေရှင်းနိုင်တယ်။ (၃) WTO ကုန်သွယ်မှုစနစ်ကနေ ဥပဒေ တွေကနေ အားလုံးရဲ့ဘဝကို ပိုမိုလွယ် ကူလာစေတယ်။ (၄) WTO ကုန်သွယ်မှုစနစ်ကနေ ပိုမိုလွတ် လပ်တဲ့ ကုန်သွယ်မှုကနေ လူနေမှု ကုန် ကျစရိတ်တွေကို လျှော့ချပေးတယ်။ (၅) WTO ကုန်သွယ်မှုစနစ်ကနေ ထုတ် ကုန်တွေနဲ့ အရည်အသွေးတွေကို ပိုမို ရွေးချယ်နိုင်လာစေတယ်။ (၆) WTO ကုန်သွယ်မှုစနစ်ကနေ ကုန် သွယ်မှုတွေကနေ ဝင်ငွေတွေ မြင့်မား လာစေတယ်။ (၇) WTO ကုန်သွယ်မှုစနစ်ကနေ ကုန် သွယ်မှုကနေ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေတယ်။ (၈) WTO ကုန်သွယ်မှုစနစ်ကနေ အခြေခံ ကျတဲ့ နည်းလမ်းတွေကနေ ဘဝကိုပိုမို စွမ်းအားကောင်းလာစေတယ်။ (၉) WTO ကုန်သွယ်မှုစနစ်ကနေ အစိုးရ တွေကို အတိုက်အခံပြုသူတွေကနေ အကာအကွယ်ဖြစ်စေနိုင်တယ်။ (၁၀) WTO ကုန်သွယ်မှုစနစ်ကနေ ကောင်း မွန်တဲ့ အစိုးရဖြစ်စေဖို့ အားပေးနိုင်စေ တယ်။(၁) WTO ကုန်သွယ်မှုစနစ်ကနေ ငြိမ်းချမ်းမှု မြင့်မားစေဖို့ ပံ့ပိုးမှုဖြစ်စေတယ်။ငြိမ်းချမ်းမှုက ကုန်သွယ်မှုစနစ်ရဲ့ အခြေခံ အကျဆုံး နည်းလမ်းနှစ်ခုကနေ ပေါ်ထွက်လာမှု တစ်ခုဖြစ်တယ်။ (က) ကုန်သွယ်မှုစီးကြောင်း မှန်ကန်မြင် သာစေပြီး နိုင်ငံတွေကို ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေမှာ အပြုသ ဘောဆောင်ပြီး သမာသမတ်မျှတတဲ့ လုပ်ဆောင်ချက်ရလဒ်ကောင်းတွေနဲ့ ဖြည့်ဆည်းပေးနိုင်စေတာဖြစ်တယ်။ (ခ) ဒါကWTO ကုန်သွယ်မှု စနစ်ကနေ ဖန်တီးအားဖြည့်ပေးတဲ့ နိုင်ငံတကာ ဆိုင်ရာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင် ရွက်မှုရဲ့ ရလဒ်တစ်ခုလည်းဖြစ်တယ်။သမိုင်းကြောင်းမှတ်တမ်းတွေအရ ကုန်သွယ် မှု အငြင်းအခုံဖြစ်မှုတွေကနေ စစ်ပွဲတွေအသွင် ပြောင်းလဲသွားတာ ရှိခဲ့ဖူးတယ်။ အထင်ရှားဆုံး အနက်တစ်ခုက နိုင်ငံအတွင်း ကုန်ထုတ်လုပ်သူ တွေကိုကာကွယ်ဖို့နဲ့ အခြားလုပ်ငန်းတွေရဲ့ အတား အဆီးတွေကို ဟန့်တားနိုင်စေဖို့ ကုန်သွယ်မှု အတားအဆီးတွေ မြင့်မားစွာ ပြိုင်ဆိုင်ဖြစ်ထွန်းစေ မှုတွေကနေ ၁၉၃၀ ပြည့်နှစ်တွေမှာ ပေါ်ပေါက် ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်တယ်။ ကုန်သွယ်ရေး စစ်ပွဲကနေ ကြီးမားတဲ့ စီးပွားရေးကပ်ဆိုး (Great Depression) ကို ပိုမိုဆိုးရွားလာစေတယ်။အဲဒီ အခြေအနေတွေက ဒုတိယကမ္ဘာစစ်ဖြစ်ပွားစေခဲ့ တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့တယ်။ဒုတိယကမ္ဘာစစ်အပြီးမှာ ချက်ချင်းလက်ငင်း ဆိုသလို ပေါ်ပေါက်လာ တဲ့ ဖြစ်ထွန်းမှုနှစ်ခုက ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ ကုန်သွယ်မှုစစ်ပွဲ မတိုင်မီ ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေကို ထပ်မ ဖြစ်အောင် ရှောင်ရှားနိုင်စေဖို့ ပံ့ပိုးမှုတွေ ဖြစ် လာခဲ့တယ်။ ဥရောပရဲ့ ကျောက်မီးသွေး၊ သံနဲ့ သံမဏိလုပ်ငန်းတွေမှာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ထွန်းပေါ်ပေါက်လာတယ်။ကမ္ဘာတစ်ဝန်းအနေနဲ့ General Agreement On Tariffs and Trade (GATT) လို့ခေါ်တဲ့ အကောက်ခွန်နဲ့ ကုန်သွယ်မှုတွေမှာ ယေဘုယျ သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ဒီဖြစ်ရပ်နှစ်ခုကနေ အောင်မြင်မှု သက်သေ ပြခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှုတွေ ဖြစ် လာမှုကနေ ဥရောပသမဂ္ဂ (European Union) (EU) နဲ့ The World Trade Organization (WTO) တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့တယ်။ ဈေးကွက်ရဲ့ကြမ်းတမ်းမှုအခြေအနေမှာ အရောင်း သမားတွေက သူတို့ရဲ့ဖောက်သည်တွေကို ထိုး နှက်တိုက်ခိုက်လေ့ရှိကြတယ်။ အကယ်၍ ကုန် သွယ်မှုစီးကြောင်း ညင်သာလာရင်တော့ နှစ်ဦး နှစ်ဖက်စလုံးမှာ ကောင်းမွန်တဲ့ စီးပွားရေးဆက်နွှယ် မှုတွေ ပျော်ရွှင်စွာ ဆောင်ရွက်လာနိုင်မှုတွေက နိုင်ငံရေးဆိုင်ရာ ဝိရောဓိဖြစ်မှုတွေလည်း လျော့ နည်းလာစေတာ ဖြစ်တယ်။ဒါ့အပြင် ညင်သာစွာစီးဆင်းတဲ့ ကုန်သွယ်မှု တွေကနေ ကမ္ဘာ့လူသားတွေအားလုံးကို ပိုမို ကောင်းမွန်လာအောင် ကူညီမှုပေးလာစေတယ်။လူတွေ မှာ ပိုမိုအောင်မြင်မှုရရှိပြီး ကျေနပ်မှုတွေ ရရှိလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့ တစ်ဖက် ထိုးနှက်တိုက်ခိုက်မှုတွေလည်း လျော့နည်း ကျဆင်းလာစေတာဖြစ်တယ်။သို့ပေမယ့်ဒါတွေ အားလုံးသာမဟုတ်ပါ။ GATT နဲ့ WTO စနစ် တွေက အရေးပါတဲ့ယုံကြည်မှု တည်ဆောက်ပေး သူတွေဖြစ်လာတယ်ဆိုတာဖြစ်တယ်။ ၁၉၃၀ ပြည့် နှစ်တွေမှာဖြစ်ပွားခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲတွေက မိမိကိုယ်ကျိုးစီးပွားကာကွယ်မှုတွေကနေ နိုင်ငံတွေ ကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ အောင်မြင်မှု မရစေဘဲ လူတိုင်းကို ဆုံးရှုံးမှုဖြစ်ပေါ်လာစေ တယ်။အမြင်ကျဉ်းမြောင်းတဲ့ ကာကွယ်မှုပြုသူရဲ့ အမြင်မှာ သွင်းကုန်တွေကို ကာကွယ်တာက အကျိုးရှိတယ်လို့ မြင်ပေမယ့် အခြားနိုင်ငံတွေ ကနေ ဘယ်လိုတုံ့ပြန်မှုတွေပြုလုပ်လာစေမှာပဲ ဆိုတာကိုသာ မြင်နိုင်စေတာဖြစ်တယ်။ ရေရှည်မှာ ပေါ်ပေါက်လာနိုင်တဲ့ ဖြစ်ရပ်မှန်က နိုင်ငံတစ်နိုင်ငံ ကနေ မိမိနိုင်ငံအကျိုးစီးပွားအတွက် ကာကွယ်မှု တွေကနေ အခြားနိုင်ငံတွေရဲ့ ဝိုင်းဝန်းပြစ်တင်ကဲ့ ရဲ့ရှုတ်ချမှုတွေကို အလွယ်တကူ ခံရစေတာဖြစ် တယ်။ လွတ်လပ်တဲ့ ကုန်သွယ်မှုမှာ ယုံကြည်မှု ဆုံးရှုံးလာစေပြီး အားလုံးအတွက် ပြင်းထန်တဲ့ စီးပွားရေးဒုက္ခပင်လယ်ဝေစေတော့တာဖြစ်တယ်။လူတိုင်းကို အရှုံံးနဲ့ရင်ဆိုင်စေရတော့တာဖြစ်တယ်။ယုံကြည်မှုတည်ဆောက်နိုင်မှုက အောင်မြင် မှုမဖြစ်တာတွေကို ရှောင်ရှားနိုင်စေမှုရဲ့ သော့ ချက်ဖြစ်တယ်။ အစိုးရတွေအနေနဲ့ အခြားနိုင်ငံ တွေက ကုန်သွယ်မှုအတားအဆီးလုပ်မှာ မဟုတ် ဘူးလို့ ယုံကြည်ရင် သူတို့ကိုယ်တိုင်လည်း ကုန် သွယ်မှုအတားအဆီးတွေ အလားတူပြုလုပ်တော့ မှာမဟုတ်ပါ။ အချင်းချင်း ပူးပေါင်းဆောင်ရွက်လို မှုစိတ်ဓာတ်မြင့်မားလာစေမှာဖြစ်တယ်။ WTO ကုန်သွယ်မှုစနစ်က ဒီယုံကြည်မှု အားပြည့်ဖန်တီး ရာမှာ အရေးပါတဲ့ကဏ္ဍကနေ ရပ်တည်ပေးတာ ဖြစ်တယ်။ အထူးသဖြင့် အရေးကြီးတာက ဥပဒေ အတိုင်း လိုက်နာဆောင်ရွက်မှုတွေကနေ အရေး ပါတဲ့ စေ့စပ်ညှိနှိုင်းမှုတွေဆောင်ရွက်လာနိုင်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုအဆင့်အထိ ဆောင် ရွက်လာနိုင်စေတာ ဖြစ်ပါတယ်။(ဆက်လက်ဖော်ပြပါမည်)
