Main menu

Background

ယခင်သီတင်းပတ် ရန်ကုန် FOB မတ်ပဲ ရောင်းဝယ်မှုလျော့

Tue, 05/15/2012 - 06:41 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုက ယခင်တစ်ပတ်ထက်လျော့ကျခဲ့ပါတယ်။ သြင်္ကန်အလွန် တစ်ပတ် အတွင်း မတ်ပဲတန်ချိန် ၄ သောင်းနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အထိ တစ်ပတ်အတွင်းမှာတော့ မတ်ပဲ FAQ နဲ့ အခွံချွတ် တန်ချိန် ၂၇၀၀၀ ကျော် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။    ပြည်ပဝယ်လက်များ အဝယ်ဆက်ရှိနေပေမဲ့ သင်္ဘောကွန်တိန်နာငှားရမ်းခ များက တစ်လုံးကို ကန်ဒေါ်လာ ၃၀၀ ခန့်မြင့်တက်လာတာကြောင့် အရောင်း အဝယ်ဖြစ်သင့်သလောက် မဖြစ်ကြောင်း သိရပါတယ်။ ကွန်တိန်နာငှားရမ်းခ ဈေးပိုခြင်းကြောင့်ဝယ်လက်များဈေးလျှော့ဝယ်ယူမှုရှိသလိုဝယ်လိုအားထက် ရောင်း လိုအား များတာကြောင့်လည်း FOB  ဈေးလျော့ကျလာကြောင်း သိရပါတယ်။                     FAQ(အသစ်)    SQ(အသစ်)    FAQ(အဟောင်း)         SQ(အဟောင်း)၄-၅-၂၀၁၂        ၄၉၀-၅၁၀          ၅၆၀-၅၈၀          ၄၆၅-၄၈၅            ၅၀၅-၅၂၅၂၇-၄-၂၀၁၂       ၅၁၀-၅၃၀          ၅၈၀-၆၀၀          ၄၈၀-၅၀၀           ၅၂၀-၅၄၀MIRT(MAPT)