Main menu

Background

မောင်တောနယ်စပ်မှ မတ်ပဲတန် ၂၄၀ ကျော် တင်ပို့နိုင်

Tue, 05/15/2012 - 06:44 -- Anonymous (not verified)

    ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောနယ်စပ်မှတစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၁၃၀ သန်းတန်ဖိုးရှိ မတ်ပဲ ၂၄၅ တန်ခန့်အပို့ရှိခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ မတ်ပဲ ၄၀ ဒသမ ၅၀ တန်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အခြားနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ စစ်တွေနယ်စပ်မှကန်ဒေါ်လာသုညဒသမ ၀၁၀ သန်းတန်ဖိုးရှိမတ်ပဲ ၁၉ တန်လည်း တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာနယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုညဒသမ ၁၄၅ သန်းတန်ဖိုးရှိ မတ်ပဲတန် ၃၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် တန် ၂၀၀ ကျော်အပို့ပိုခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလတစ်လလုံးမှာ နယ်စပ်မှ မတ်ပဲ ၄၃၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။          MIRT (DOBT)