Main menu

Background

ယခင်သီတင်းပတ်ထက် FOB ပဲစင်းငုံ ရောင်းဝယ်မှုလျော့

Tue, 05/15/2012 - 06:46 -- Anonymous (not verified)

    သြင်္ကန်အပြီး သီတင်းပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံစုစု ပေါင်း တန်တစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အတွင်းမှာတော့ တန်ချိန် ၉၀၀၀ နီးပါးသာ ပြည်ပအရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်များ ဝယ်လိုပေမဲ့ သယ်ယူပို့ ဆောင်မှုစရိတ်ကတစ်တန်ကိုကန်ဒေါ်လာ၄၀ခန့်မြင့်တက်နေတာကြောင့်ဈေးလျှော့ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။    အာဖရိကပဲစင်းငုံကလည်း သြဂုတ်လမှာ စတင်ထွက်ပေါ်တော့မှာဖြစ်လို့ မြန်မာ ပဲစင်းငုံများကို ဇူလိုင်လ အထိ ဝယ်ယူမှုကောင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ရောင်းအားများတဲ့အပြင် သယ်ယူပို့ဆောင်စရိတ် များကြောင့် ပြည်တွင်း ဈေးမြင့်တက်နိုင်ခြေမရှိကြောင်း ကုန်သည်ကြီးတစ်ဦးမှ ဆိုပါတယ်။    ဒေါ်လာ/တန်                      ငုံနီ(အသစ်)    ဖြူနီ၊အဖြူ(အသစ်)    ငုံနီ(အဟောင်း)    ဖြူနီ၊အဖြူ(အဟောင်း)၄-၅-၂၀၁၂         ၅၄၀-၅၆၀            ၄၅၀-၄၇၀            ၅၁၀-၅၃၀            ၄၀၀-၄၂၀၂၇-၄-၂၀၁၂       ၅၅၀-၅၇၀            ၄၅၀-၄၇၀            ၅၂၀-၅၄၀           ၄၀၀-၄၂၀MIRT(MAPT)