Main menu

Background

တင်သွင်းပဲစင်းငုံ ပုံမှန်ဝင်ရောက်ပေမဲ့ အိန္ဒိယဈေးကွက်မှာ ဈေးအနည်းငယ်ပိုလာ

Tue, 05/15/2012 - 06:48 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲစင်းငုံအဝင်ပုံမှန်ရှိပေမဲ့ ပဲခွဲစက်များနဲ့ ကုန်သည်များ ဝယ်ယူမှု တိုးတက်နေတာကြောင့် ပဲစင်းငုံဈေးလည်း အနည်းငယ် တိုးလာခဲ့ပါတယ်။ Agriwatch  မှ သတင်းထုတ်ပြန်ချက်အရ အကျိုးအမြတ်ပိုရတဲ့ ပြောင်း၊ ပဲပုပ်များကို ပြောင်းလဲစိုက်ပျိုးလာကြလို့ မိုးရာသီမှာ ပဲစင်းငုံစိုက်ဧရိယာ ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ ပဲစင်းငုံအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တိုးမြင့်ဖို့ အကြံပြုချက်များရှိတဲ့အပြင် လာမယ့်ပွဲတော်ရာသီမှာ ဝယ်လိုအားကောင်း နိုင်ခြင်းက ပဲစင်းငုံဈေးနှုန်း ပိုမိုခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယခုတစ်ပတ် အတွင်း မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာပဲစင်းငုံကွန်တိန်နာ ၁၈၄ လုံး ဝင်ရောက်ခဲ့တယ် လို့ သိရပါတယ်။    ဒေါ်လာ/ တန်                  ၃-၅-၂၀၁၂    ၂-၅-၂၀၁၂    ၂၅-၄-၂၀၁၂    ၂၄-၄-၂၀၁၂မွန်ဘိုင်း            ၅၉၂            ၅၉၃             ၅၇၇              ၅၇၈ဒေလီ               ၆၂၀            ၆၂၃             ၆၂၆              ၆၂၅ချန်နိုင်း             ၅၉၆            ၆၀၀             ၅၉၇              ၅၉၇MIRT(MAPT)