Main menu

Background

ပဲလွန်းဖြူတင်ပို့မှုနဲ့ အရောင်းအဝယ် ပုံမှန်ရှိနေ

Tue, 05/15/2012 - 06:51 -- Anonymous (not verified)

    နိုင်ငံ တော်တော်များများက ဝယ် လိုအားရှိတဲ့ ပဲလွန်းဖြူကို ယခုတစ် ပတ်မှာလည်း တင်ပို့မှုရော အရောင်း အဝယ်ပါ ပုံမှန်ရှိနေပါတယ်။ ပင်လယ် ရေကြောင်းတင်ပို့မှုအနေနဲ့ ယခင် သီတင်းပတ်က တန်ချိန် ၂၁၀၀ ကျော် တင်ပို့မှု ရှိခဲ့ပြီး (ဧပြီလ ၂၂ ရက်မှ ၂၇ ရက်) အတွင်းမှာ တန်ချိန် ၁၃၀၀ နီးပါး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေ ကတော့ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီး ယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ဗီယက်နမ် တို့ကို ဖြစ်ပါတယ်။    ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၂၇ ရက်အထိ စုစုပေါင်းတင်ပို့မှုမှာ တန် ချိန် ၄၉၀၀ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၃၅၀၀ ခန့် တင်ပို့မှုရှိလို့ ယခုနှစ်ကာလတူမှာ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ ဧပြီ လ ၂၈ ရက်မှ မေလ ၄ ရက်အထိ ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၁၅၀၀ နီးပါး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က  တန် ၂၅၀၀ ကျော်အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ် လို့ သိရပါတယ်။ ဝယ်လိုအားရှိပေမဲ့ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်း မရှိဘဲ မေလ ၄ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT