ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဈေးကွက်မှာ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အထိ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် ၁၁၀၀၀ ကျော် ပြည်ပအရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ ထက်လျော့ကျပေမဲ့ အခြားပဲများထဲမှာတော့ ရောင်းဝယ်မှုကောင်းတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံ အချို့ဒေသမှာ ရာသီဥတုပူူပြင်းတဲ့အတွက် ပဲတီစိမ်း၊ ပဲတီရွှေဝါများ အဆွဲရှိနေတဲ့အပြင် ပြည်တွင်းလက်ကျန် နည်းတဲ့အတွက် ပဲတီရွှေဝါဈေးကောင်းလာနိုင်တယ်လို့ ကုန်သည်များခန့်မှန်းနေကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲတီစိမ်း အညာနဲ့ ပခုက္ကူစမှာ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ပြောင်းလဲခြင်းမရှိပေမဲ့ ပဲတီရွှေဝါအကြီးမှာ ဧပြီလ ၂၇ ရက်က ကန်ဒေါ်လာ ၉၀၀-၉၂၀ ရှိရာမှ မေလ ၄ ရက်မှာ ကန်ဒေါ်လာ ၈၈၀-၉၀၀ ကို လျော့ကျခဲ့ကြောင်း သိရပါတယ်။MIRT - MAPT
Background