Main menu

Background

ပဲတီစိမ်းအခွံချွတ် တန် ၁၁၀ ကျော် တင်ပို့မှုရှိ

Tue, 05/15/2012 - 06:55 -- Anonymous (not verified)

    ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း အခွံချွတ် ၆၇၆ ဒသမ ၀၇၅ တန်နဲ့ ပဲတီစိမ်း ၆၇၆ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန် ၁၂၀ ကိုတင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆၆၈၇ သန်းတန်ဖိုးရှိ ပဲတီ စိမ်းနဲ့ ပဲတီစိမ်းအခွံချွတ် ၇၉၆ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ် ကထက် ပဲတီစိမ်းအခွံချွတ်တင်ပို့မှု သိသိသာသာတိုးတက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မြေပြင်ဈေးများကိုကြည့်ရာမှာ တစ်ဘက်နိုင်ငံပေါက်ဈေးများ ပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ပေါက်ဈေး လျော့ကျခဲ့ပါတယ်။ မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-             မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု        ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    %    ၆၂၆၃၀၀    ၆၆၀၄၀၀    ၃၄၁၀၀         ၅     ၈၂၆    ၈၂၆            -            - MIRT (DOBT)