အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး မြင့်တက်ခဲ့ပြီး ပဲတီစိမ်းခွဲခြမ်းဈေးမှာ အနည်းငယ်ငြိမ်နေတာ တွေ့ရပါ တယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုရှိနေပေမဲ့ မွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များမှ ကုန်သည်များ ဝယ်လိုအားတက်လို့ ဈေးမြင့်လာခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းမှာ မိုးရွာသွန်းမှု နှောင့်နှေးနိုင်လို့ ပဲစိုက်ဧက လျော့ကျ နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။လာမယ့်လတွေမှာကျင်းပမဲ့ ပွဲတော်ရာသီအတွင်းဝယ်လိုအားတက်နိုင်လို့ဈေးခိုင်မာနိုင်တယ်လို့လည်း ခန့်မှန်း ကြပါ တယ်။ ယခုတစ်ပတ်မွန်ဘိုင်းဈေးကွက်ကို မြန်မာပဲတီစိမ်းကွန်တိန်နာ ၉၉ လုံး ဝင်ရောက်ကြောင်းသိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၃-၅-၂၀၁၂ ၂-၅-၂၀၁၂ ၂၅-၄-၂၀၁၂ ၂၄-၄-၂၀၁၂မွန်ဘိုင်း(ပဲတီရွှေဝါ) ၈၃၆ ၆၂၂ ၈၁၆ ၈၁၅ဒေလီ ၇၈၉ ၇၉၄ ၈၅၄ ၈၅၃ချန်နိုင်း(ပဲတီရွှေဝါ) ၈၄၅ ၈၅၀ ၈၅၄ ၈၅၃MIRT(MAPT)
Background