Main menu

Background

ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှု ယခင်သီတင်းပတ်များထက်ပိုမိုလာ

Tue, 05/15/2012 - 06:58 -- Anonymous (not verified)

    ကုလားပဲဟော်လန်နဲ့ ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခင်သီတင်းပတ်များ ထက် ပိုမို လာခဲ့ပါတယ်။ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုဧပြီလ ၂၂ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၄၃၀၀ နီးပါးအထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလား ဒေ့ရှ်တို့ကို ပမာဏများတယ်လို့ သိရပါတယ်။    ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ရဲ့ဧပြီလ ၂၇ ရက်အထိ ကုလားပဲစုစုပေါင်း တန်ချိန် ၈၃၀၀ ကျော်တင်ပို့ပြီး ယခင်နှစ်ကာလတူက တန်ချိန် ၃၁၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပိုမိုတင်ပို့နိုင်ဖွယ်ရှိပါတယ်။    ရန်ကုန် FOB  ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်သီတင်း ပတ်ကတန်ချိန် ၇၀၀၀ ကျော်ထိရှိခဲ့ပေမဲ့ယခုဧပြီလ၂၈ ရက်မှမေလ ၄ ရက် အတွင်းမှာတော့ တန်ချိန် ၆၀၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါ တယ်။ ကုလားပဲစားသုံးတဲ့ အိန္ဒိယ၊ ပါကစ္စတန်တို့မှာ အထွက်လျော့တဲ့အပြင် အိန္ဒိယက ကုလားပဲ အစား သုံးတဲ့ ကနေဒါနဲ့ သြစတြေးလျ ပဲဝါလေးအထွက်လျော့ တာကြောင့် ကုလားပဲဟော်လန်နဲ့ ကုလားပဲဖြူလုံးကြီးကို ဝယ်လိုအားကောင်းနေ ခြင်းဖြစ်ကြောင်း သိရပါတယ်။    ပဲမျိုးစုံထဲမှာ ယခုနှစ် ကုလားပဲဈေးက ထိပ်မှာဆက်လက်ပြေးနိုင် ကြောင်း လည်း ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဧပြီလ ၂၇ ရက်က ကုလားပဲဖြူလုံးကြီး FOB တစ်တန် ကန်ဒေါ်လာ ၇၈၀-၈၀၀ ရှိရာမှ မေလ ၄ ရက်မှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ကို တိုးလာကြောင်း သိရပါတယ်။               MIRT - MAPT