Main menu

Background

အိန္ဒိယကုလားပဲဈေး သိသိသာသာ မြင့်တက်

Tue, 05/15/2012 - 06:59 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာဝယ်လိုအားအကောင်းဆုံးဖြစ်နေလို့ ကုလား ပဲဈေးကတော့သိသိသာသာမြင့်တက်နေပါတယ်။ ရူပီးတန်ဖိုးလျော့ကျနေလို့ အခြား ပဲဈေးများထက် သိသိသာသာ ဈေးပိုနေပါတယ်။ ပဲထွက်ရှိမှုကျဆင်းမယ့် ခန့်မှန်း ချက်တွေအပြင် နိုင်ငံတကာဈေးမြင့်တက်နေတဲ့အတွက် လှောင်လက်များ အဝယ် သွက်နေတာကြောင့် လာမယ့်ကာလတွေမှာလည်း ဈေးပိုမိုခိုင်မာဖွယ်ရှိနေပါတယ်။ မွန်ဘိုင်းဈေးကွက်ကို ယခုတစ်ပတ်အတွင်း သြစတြေးလျ ကုလားပဲ ကွန်တိန်နာ ၂၄ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။    ဒေါ်လာ/ တန်               ၃-၅-၂၀၁၂    ၂-၅-၂၀၁၂    ၂၅-၄-၂၀၁၂    ၂၄-၄-၂၀၁၂မွန်ဘိုင်း         ၇၇၀              ၇၅၆            ၆၉၂            ၆၉၆ဒေလီ            ၇၈၀               ၇၄၂           ၆၈၃            ၆၇၇အင်ဒိုရီ          ၇၈၉               ၇၇၃            ၇၀၂              -MIRT(MAPT)