Main menu

Background

အရောင်းအဝယ်သွက်လျက်ရှိတဲ့ ပြည်ကုလားပဲဈေးကွက်

Tue, 05/15/2012 - 07:00 -- Anonymous (not verified)

    ပြည်ဈေးကွက်မှာ ကုလားပဲကို တိုင်းအတွင်းရှိ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်၊ ပန်းတောင်း၊ ဥသျှစ်ပင် ကမ္မမြို့နယ်များမှ ရေလမ်း၊ ကုန်လမ်းနဲ့ အဝင်ရှိသလို အခြားတိုင်း၊ မကွေး၊ အောင်လံဘက်မှလည်း အဝင်ရှိတယ်လို့ သိရ ပါတယ်။ဥသျှစ်ပင်၊ပန်းတောင်း၊ကမ္မမြို့နယ်များမှ အများဆုံးဝင်ရောက်ပြီး အောင်လံ မှ အနည်းငယ်သာအဝင်ရှိ ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်မှ ဝယ်လက်များ အဝယ်ရှိသလို ရန်ကုန်ဝယ်လက်များလည်း အဝယ်သွက် နေပါတယ်။ တိုင်းအတွင်း ရှိ ခွဲစက်သမားများလည်း အဝယ်မပြတ်ဘဲ အဝယ်လိုက်နေတာကြောင့် ကုလားပဲ ပိဿာ ၂၀ တစ်တင်းကို ၁၇၃၀၀ ကျပ်ရှိပါတယ်။                လွင်လွင်ဆန်း