Main menu

Background

အိန္ဒိယလယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင်မှ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံတို့ရဲ့ MSP ဈေးနှုန်းမြှင့်တင်ဖို့ တင်ပြ

Tue, 05/15/2012 - 07:15 -- Anonymous (not verified)

    ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ထုတ်လုပ်မှုကို အားပေးဖို့ အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်း ကော်မရှင် (CACP)မှ ယခုနှစ် မိုးရာသီအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP)ကို တစ်တန် ရူပီး ၁၀၀၀၀(ကန်ဒေါ်လာ ၁၈၇)အထိ တိုးမြှင့်ဖို့ အကြံပြု ထားကြောင်း သိရပါတယ်။အဓိက လယ်ယာထွက်ကုန်များ အတွက် ဈေးနှုန်းမူဝါဒနဲ့ ပတ်သက်ပြီးအစိုးရကို အကြံပြုတဲ့ CACP  မှ ဇွန်လ မှာ စတင်မယ့် ၂၀၁၂-၁၃ မိုးရာသီအတွက် ပဲတီစိမ်း MSP  ကို ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၄၄)၊ မတ်ပဲ MSP ကို ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၀၆)၊ ပဲစင်းငုံကို ရူပီး ၄၀၀၀၀(ကန်ဒေါ်လာ ၇၀၅)နဲ့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။     CACP အကြံပြုချက်များကို ကက်ဘိနက်မှ နောက်ဆုံး အတည် ပြုသွားမယ်လို့ သိရပါတယ်။ ရောင်းချမှု နည်းနေသေးတဲ့ ပဲမျိုးစုံကို အထူးအလေးထားဖို့ လိုအပ်နေပါတယ်။ ယခုသတ်မှတ် တဲ့ ထောက်ပံ့ဈေးနှုန်းဟာ ပိုင်ရှင်မှ ထုတ်လုပ်မှုစရိတ်အပေါင်း မြေ ငှားရမ်းခနဲ့ အခြားကုန်ကျစရိတ်တို့ကို ကာမိစေရန်တွက်ချက် ထားခြင်း ဖြစ်ပေမယ့် ပြည်တွင်းဈေးနဲ့ နိုင်ငံတကာဈေးပေါ်မှာ လည်း မူတည် တွက်ချက်ထားကြောင်း သိရပါတယ်။    ပြည်တွင်း  ပဲမျိုးစုံထုတ်လုပ်မှုနဲ့  မလုံလောက်တဲ့  တန်ချိန်       ၃ - ၄ သန်းခန့် တင်သွင်းနေရပါတယ်။ ယခင်နှစ်များက ပဲမျိုးစုံ ထုတ်လုပ်မှုဟာ တန်ချိန် ၁၅ သန်း ဝန်းကျင်မှာ တန့်နေခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာတော့ ထောက်ပံ့ဈေးနှုန်း မြင့်တက်တာ ကြောင့် ပဲမျိုးစုံတန်ချိန် ၁၇ သန်းကျော်ခဲ့ပါတယ်။ အနောက်တောင် မုတ်သုံစတင်ဝင်တဲ့ဇွန်လမှာ မိုးပဲစတင် စိုက်ပျိုးပြီး အောက်တိုဘာလ မှာ ရိတ်သိမ်းပါတယ်။     CACP  ဟာ မြေပဲ၊ နှမ်း၊ ပဲပုပ်နဲ့ နေကြာတို့အတွက် MSP  ဈေးနှုန်းများ မြှင့်တင်ခဲ့ပါတယ်။တစ်နှစ်ကိုရူပီးကုဋေပေါင်း ၃ သောင်း (ကန်ဒေါ်လာ ၅ ဒသမ ၆၂ ဘီလီယံ)ကျော်ဖိုး စားဆီတင်သွင်းနေရ ခြင်းအပေါ် မှီခိုနေရမှုလျော့ကျဖို့ ဆီထွက်သီးနှံ တောင်သူများဟာ ထောက်ပံ့မှုအများဆုံး လိုအပ်တယ်လို့ CACP အရာရှိများမှ ဆိုပါ တယ်။    ယခင်နှစ်က စပါးအလျှံပယ်ထွက်ရှိလို့ စပါးပိုလျှံရောင်းချမှု ကြောင့် MSP ကို ၁၅ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးမြင့်ဖို့ အကြံပြု ထားကြောင်း သိရပါတယ်။ဒေါ်လာ/ တန်၂၀၁၂-၁၃ မိုးရာသီအတွက် စိုက်ပျိုးရေးစရိတ်နဲ့ ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထားတဲ့ ြှဏ ဈေးနှုန်းများသီးနှံ    ၂၀၁၁-၁၂    ဈေးကွက်ပျမ်းမျှဈေး    ၂၀၁၂-၁၃    ပြောင်းလဲမှု%              MSP                                          MSPစပါး        ၂၀၂        ၂၈၁-၃၁၉                     ၂၃၄             ၁၅ .၇၀ပြောင်း     ၁၈၄           ၂၀၄                         ၂၂၀              ၂၀ .၀၀ပဲတီစိမ်း    ၆၅၆           ၈၆၂                         ၈၄၄             ၂၈ .၆၀မတ်ပဲ       ၆၁၉           ၈၀၄                         ၈၀၆             ၃၀ .၀၀ပဲစင်းငုံ      ၆၀၀          ၆၄၇                         ၇၅၀             ၂၅ .၀၀မြေပဲ        ၅၀၆          ၇၃၁                          ၆၉၄             ၃၇ .၀၀နှမ်း         ၆၃၇          ၉၃၀                         ၇၈၇               ၂၃ .၅၀ပဲပုပ်         ၃၀၉         ၄၁၂                          ၄၁၂               ၃၃ .၀၀နေကြာ     ၅၂၅          ၅၇၀                         ၆၉၄                ၃၂ .၀၀ဝါဂွမ်း      ၅၂၅-၆၁၉    ၈၁၈                        ၆၇၅-၇၃၁    ၂၈ .၅၀-၁၈ .၀၀မှတ်ချက်။ ဈေးကွက်ပျမ်းမျှဈေးမှာ ၂၀၁၁ အောက်တိုဘာမှ ၂၀၁၂ ဖေဖော်ဝါရီလအတွင်း ပြည်တွင်းပျမ်းမျှဈေးယမင်းရွှေစင်၊Source: PTI