Main menu

Background

ဗီယက်နမ် အထည်ချုပ်သူများအတွက် ခက်ခဲတဲ့အချိန်ဖြစ်နေ

Tue, 05/15/2012 - 07:28 -- Anonymous (not verified)

                ပထမ သုံးလအတွင်း ဗီယက်နမ် နိုင်ငံရဲ့ ပြည်ပဝင်ငွေအမြင့်မားဆုံး ရရှိ ပြီးနောက် အထည်လိပ်ကဏ္ဍဟာ ယခု အခါ    အဓိကဈေးကွက်တွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်နဲ့အီးယူတို့မှာ ပြည်ပ တင်ပို့မှုဟာ သိသိသာသာ နှေးကွေး ခြင်းနဲ့ရင်ဆိုင်နေရပါတယ်။ ဗီယက်နမ် အထည်ချုပ်အသင်း (Vitas)မှ ပြော ကြားရာမှာ နောက်ဆုံးသုံးလအတွင်း အထည်အလိပ်တင်ပို့မှုဟာ ကန်ဒေါ် လာ ၃ ဒသမ ၂၅ ဘီလီယံထိ ရရှိခဲ့လို့ ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက် ခဲ့ပါတယ်။ ၂၀၁၂ ဇန်နဝါရီမှ မတ်လ အထိ  အထည်တင်ပို့မှု  ပမာဏဟာ ယခင်နှစ်ကာလတူထက် ၂၅-၃၀ ရာ ခိုင်နှုန်း ကျဆင်းခဲ့တယ်လု့ိ Vitasမှ ပြောကြားပါတယ်။ ယခုလိုတင်ပို့မှု ကျ ဆင်းရခြင်းမှာ  လက်ရှိဖြစ်ပွားနေတဲ့ ဥရောပကြွေးမြီအကျပ်အတည်းကြောင့် ဝယ်ယူသူများ ငွေကြေးကျပ်တည်းကာ ဈေးကွက် အားပျော့တာကြောင့်လို့ ဆို ပါတယ်။ပထမ သုံးလအတွင်း အမေရိကန် နိုင်ငံမှ တိုးတက်မှုအနည်းငယ်ရှိတဲ့တိုင် စိုးရိမ်မှုတွေကြောင့်  အဲဒီလိုဈေးကွက် ကြီးများမှ ပြည်ပဝင်ငွေလည်း ထပ်မံ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ဆက်စပ်ပစ္စည်း တင်သွင်းမှုဟာ  မတ်လတစ်လထဲမှာပင် ဂဏန်းနှစ်လုံး အထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များစွာဟာ စာချုပ်ကြီးကြီးမားမားမရရှိတဲ့ တစ်ဦးကို အထည်  ထောင်ဂဏန်းခန့်သာရှိတဲ့ စာချုပ်တစ်ခု၊ နှစ်ခုသာ ရရှိတယ်လို့ ဆိုပါတယ်။  ငွေကြေးအင်အားများတဲ့ နာမည်ရ   လုပ်ငန်းရှင်ကြီးတစ်ခုသာ ဒုတိယ သုံးလတစ်ခုလုံးအတွက် အမှာ အော်ဒါ  လုံလောက်ရရှိထားကြောင်း၊ တတိယသုံးလအတွင်းမှာလည်း အမှာ အော်ဒါသစ်များအတွက် ညှိနှိုင်းမှုများ ဝင်ရောက်လာနေကြောင်း   Vitas  ဒုတိယ ဥက္ကဋ္ဌ Lt  Fien  Truong မှ ပြောကြားပါတယ်။ လုပ်ငန်းရှင် အငယ် များကတော့ စာချုပ်ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ဗီယက်နမ်နိုင်ငံဟာ အမေရိကန်ကို အထည်အလိပ်ရောင်းချတဲ့ ထိပ်တန်း ငါးနိုင်ငံထဲမှာ  ပါဝင်ပြီး၊  အီးယူကို အထည်အလိပ်တင်ပို့တဲ့ ထိပ်တန်း ၁၀ နိုင်ငံအတွင်း တရုတ်ပြီးရင် ဒုတိယနေ ရာမှာရှိနေပါတယ်။ ဒါပေမယ့် ပြည်ပ ဈေးကွက်နဲ့ကာလတို အမှာစာများ ကျ ဆင်းခြင်းကြောင့် ပြည်တွင်းအထည် ချုပ်လုပ်သူများဟာ အကျိုးအမြတ် မရှိ ဖြစ်နေကြရပါတယ်။ Vitas  ပြောကြား ချက်အရ  အထည်ချုပ်လုပ်ခြင်းဟာ ဗီယက်နမ်နိုင်ငံရဲ့ အဓိကပြည်ပတင်ပို့ ကုန်ထဲမှာ ပါဝင်ပြီး ၂၀၁၂ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်းတိုးတက်ဖို့ ရည်မှန်းထားတယ် လို့ သိရပါတယ်။အဓိက ဈေးကွက်များအတွင်း ကျ ဆင်းနေခြင်းအတွက် အထည်ချုပ်လုပ် သူများမှ တိုးတက်အောင် ဆောင်ရွက် ရာမှာ ရွေးချယ်စရာမရှိပေမယ့် အခြား ဈေးကွက်သစ်များဖြစ်တဲ့   တရုတ်၊ တောင်ကိုရီးယား၊ အင်ဂိုလာ၊ နယူး ဇီလန်၊ အိန္ဒိယနဲ့ ရုရှားတို့ကို ရှာဖွေရ မှာဖြစ်တယ်လို့ ဆိုပါတယ်။ပြည်ပဝင်ငွေတိုးတက်ဖို့ အထည် ချုပ်သူများအနေနဲ့ ပြည်ပစာချုပ်များ အပေါ် မှီခိုနေမှုကို လျှော့ချဖို့၊ FOB တင်ပို့မှုနဲ့  မူရင်းဒီဇိုင်းဖန်တီးမှု  ပုံစံ (ODM) များအပေါ် အလေးထားဖို့ Vitas  မှတိုက်တွန်းကြောင်း သိရပါ တယ်။ အထည်ချုပ်သူများအနေနဲ့ ကွဲ ပြားတဲ့ပုံစံ၊ တိုးတက်တဲ့အရည်အသွေး၊ ထုတ်လုပ်မှုစရိတ်နည်းနည်းနဲ့ ပြည်တွင်း ဈေးကွက်မှာ ပိုမိုအလေးထားဖို့လည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်Source: VOU