Main menu

Background

တရားမဝင် ဒေါ်လာဈေးကွက် ပျောက်ဖို့လိုပြီ

Tue, 05/15/2012 - 07:30 -- Anonymous (not verified)

         နိုင်ငံခြားသုံးငွေကြေး အထူးသဖြင့် အမေရိကန်ဒေါ်လာများကို လဲလှယ်နိုင် ရန်အတွက် ဗဟိုဘဏ်မှ နှုန်းရှင်သတ်မှတ်ပေးပြီး ပုဂ္ဂလိကငွေလဲစင်တာများ ဖွင့်လှစ် ကာ နိုင်ငံခြားငွေများရောင်းဝယ်ပေးလျက်ရှိသော်လည်း တရားမဝင်ဈေးကွက်မှာ ပပျောက်သွားခြင်းမရှိသေးဘဲ ဆက်လက်ရှင်သန်လျက်ရှိနေသေးကြောင်း သိရ သည်။ထိုကဲ့သို့ဖြစ်ရသည်မှာ နိုင်ငံခြားငွေများကို တရားဝင်လဲလှယ်ပေးသည့် ငွေလဲ စင်တာများတွင် ဟောင်းနွမ်းဒေါ်လာများကို မယူခြင်း၊ တချို့သောငွေလဲစင်တာ များတွင် အနည်းဆုံးဒေါ်လာ ၂၀၀မှ အများဆုံး ဒေါ်လာ ၅၀၀ အထိသာ လဲလှယ် ပေးခြင်းတို့ကြောင့်ဖြစ်ရကြောင်း ငွေလာရောက်လဲလှယ်သူ ပြည်သူတစ်ဦးက ရင် ဖွင့်ပြောဆိုခဲ့သည်။"ကျွန်မတို့ အခုဒီမှာ လာလဲတဲ့ငွေက သိပ်မများပါဘူး။ ဒါပေမယ့် လဲလို့ရ တဲ့ငွေက နည်းနည်းလေး၊ ကျန်တဲ့ သူတို့မယူတဲ့ငွေကိုတော့ အပြင်ဈေးကွက်မှာ သွားလဲရတာ။ အဲဒီမှာသွားလဲရင် တစ်နည်းမဟုတ်တစ်နည်းတော့ အလိမ်ခံလိုက် ရတာချည်းပဲ။ သူတို့လိမ်တာက သိသိကြီးနဲ့ အလိမ်ခံလိုက်ရတာ။ ပိုက်ဆံကို သူတို့ ရှေ့မှာ ရေတွက်ကြည့်တာပဲ။ သူတို့ရှေ့မှာတုန်းကတော့ ပိုက်ဆံက ပြည့်တယ်။ တစ်နေရာရောက်လို့ အဲဒီအထုပ်ကိုဖြည်ပြီး ကြည့်လိုက်ရင် အနည်းဆုံးတော့ နှစ် သောင်းလောက်လိုနေတာပဲ။ သူတို့ ဘယ်လိုလုပ်လိုက်သလဲဆိုတာ ခန့်မှန်းလို့မရ အောင်ပဲ။ အဲဒါ သွားပြန်ပြောရင်လည်း သူတို့က အုပ်စုနဲ့ဆိုတော့ ခက်တယ်။ ဒီ တရားမဝင်ဈေးကွက်ကို ပျောက်အောင် လုပ်ပေးနိုင်ရင်ကောင်းမယ်။ ဖမ်းတာ ဆီး တာထက် တရားဝင်ဖွင့်ထားတဲ့ဘဏ်တွေက အဲဒီဟောင်းနွမ်းငွေတွေကို ယူလိုက်ရင် အဲဒီမှောင်ခိုဈေးကွက်က ပျောက်သွားမှာပဲ"ဟု ကမ္ဘောဇငွေလဲစင်တာတွင် ငွေလာ ရောက်လဲလှယ်သူတစ်ဦးက ပြောကြားခဲ့သည်။မယ်သီတာ