Main menu

Background

မြန်မာ့ရွှေဈေး တစ်ပတ်အတွင်း မတည်မငြိမ် ဖြစ်နေ

Tue, 05/15/2012 - 07:31 -- Anonymous (not verified)

         ယခုတစ်ပတ်အတွင်း  မြန်မာ့ရွှေ ဈေးသည် မတည်မငြိမ်ဖြစ်ကာအတက် အကျများရှိနေခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ပြီးခဲ့သည့်  ရက်သတ္တပတ်အတွင်း က မြန်မာ့ရွှေဈေး ဆက်တိုက်ကျဆင်း လာခဲ့သော်လည်းယခုတစ်ပတ်အတွင်း တွင် ပထမရက်များ၌ အတက်ပြခဲ့သော် လည်း နောက်ပိုင်းရက်များတွင် အကျ ဘက်သို့ ဦးတည်လာခဲ့သည်ကို တွေ့ရ သည်။ ကမ္ဘာ့ရွှေဈေး အတက်အကျများ ရှိနေခြင်းနှင့်အတူ မြန်မာ့ရွှေဈေးသည် လည်း အတက်အကျများ ရှိနေခြင်းဖြစ် ကြောင်း  ရွှေကုန်သည်တစ်ဦးက ဆို သည်။"ဒီတစ်ပတ်မှာ  မြန်မာ့ရွှေဈေးက မငြိမ်ဘူး။ တစ်နေ့ထဲကို တစ်ထောင် တစ်ထောင့်ငါးရာလောက်အတက်ရှိနေ ပြီးမှ နောက်နေ့လည်းကျရော ရွှေဈေး က ကျသွားရော။ ဒီလိုမျိုး ရွှေဈေးက အတက်အကျ မငြိမ်ပေမယ့် အရောင်း အဝယ်ကတော့ ပုံမှန်အတိုင်းပါပဲ" ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ ရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၇၂၀၅၀၀ ဖြင့် ဈေးဖွင့် ခဲ့သော်လည်း မေ ၄ ရက်တွင် ကျပ် ၇၁၅၀၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။"ရွှေဈေးက ဆက်ကျမယ်လို့တော့ မှန်းထားတာပဲ။  ဒါပေမယ့် ကမ္ဘာ့ရွှေ ဈေးကဘယ်လိုမှန်းမသိတော့  တစ်နေ့ ရွှေတစ်နေ့ငွေ ဆိုသလိုပဲ။ ရွှေဈေးက ဒီနေ့ကျချင်ရင်ကျ နောက်နေ့ကျ တက် ချင်ရင်တက်ဆိုတော့  ဘယ်လိုခန့်မှန်း ရမလဲတောင် မသိတော့ဘူး။  နောက် ပိုင်းမှာတော့ ကျတာကတော့  ကျဦး မယ်ဆိုပေမယ့် ခုနစ်သိန်းအောက်ကို တော့ မရောက်လောက်ဘူးလို့  ထင် တယ်"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်းမှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။               မယ်သီတာ