ဧပြီဒုတိယပတ်နဲ့စတုတ္ထပတ်အတွင်း မြေသြဇာတန်ချိန် သုံးထောင်ကျော်တင်သွင်း
ဧပြီဒုတိယပတ်နဲ့စတုတ္ထပတ်အတွင်း မြေသြဇာတန်ချိန် သုံးထောင်ကျော်တင်သွင်းဧပြီ ဒုတိယပတ်အတွင်း မြေသြဇာတန်ချိန် ၂၁၆၆ ဒသမ ၅၅ နဲ့စတုတ္ထပတ် အတွင်း မြေသြဇာတန်ချိန် ၁၅၁၈ တန်၊ စုစုပေါင်း ၃၆၈၄ ဒသမ ၅၅ တန်ကိုတင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့မြေသြဇာမှာ ဘူဂေးရီးယားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၂၂၅ တန်၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၅၄၇ တန်၊ ၁၅း၁၅း၁၅ မြေသြဇာ တန် ၂၅၀နဲ့ အခြားမြေသြဇာ တန် ၂၅၀ ၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ် ၂၄၆ တန်၊ တရုတ်နိုင်ငံမှ မြေသြဇာ ၁၁၈၆ ဒသမ ၅၅ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံမှ တန် ၂၀၊ ဟွန်ဒူးရပ်စ်နိုင်ငံမှ မြေသြဇာ တန် ၉၆၀ အသီးသီး မှာယူတင် သွင်းခဲ့ပါတယ်။ ဧပြီလပထမပတ်အတွင်း မြေသြဇာတင်သွင်းမှုက တန်ကိုးရာကျော် ရှိခဲ့တာကြောင့် ဧပြီဒုတိယပတ်တင်သွင်းမှုနဲ့ယှဉ်ရင် ဒုတိယပတ်မှာ တင်သွင်းမှုပိုခဲ့ ပါတယ်။ ဧပြီဒုတိယပတ်ရဲ့ မြေသြဇာအဝင်က တန်နှစ်ထောင့် တစ်ရာကျော်ရှိခဲ့ပြီး စတုတ္ထပတ်မြေသြဇာအဝင်မှာ တန်တစ်ထောင့်ငါးရာကျော်ရှိတာကြောင့် စတုတ္ထ ပတ်မှာ ဒုတိယပတ်ထက် အဝင်လျော့ခဲ့ပါတယ်။ MIRT (DOT)နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၇၆၀၀ ကျော် အသွင်းရှိဧပြီ ၂၅ ရက်မှ မေ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၇ ဒသမ ၁၇၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၇၆၄၆ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ၈၁၅၆ တန် အသွင်းပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၆၀၉၆ တန်၊ ကော့သောင်းမှ တန် ၉၀၊ မြဝတီမှ တန် ၃၅၀ နဲ့ ရိဒ်မှ ၂၉၉ ဒသမ ၇၅၀ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင် သွင်းတဲ့ဓာတ်မြေသြဇာတွေကတော့ ယူရီးယား ၄၆ ရာခိုင်နှုန်း၊ ကွန်ပေါင်း 10;10;5 ၊ နိုက်တြိတ်ဖော့စ်ဖိတ်နဲ့ တီစူပါဖော့စ်ဖိတ်တို့ပဲ ဖြစ်ကြပါတယ်။ ဧပြီလအတွင်း နယ်စပ်မှ ဓာတ်မြေသြဇာ ၆၇၄၉၉ ဒသမ ၈၉၅ တန်တင်သွင်းထားပြီးဖြစ်ပါတယ်။MIRT (DOBT)အရောင်းလဲသွက် ဈေးလဲတက် ဓာတ်မြေသြဇာဈေးကွက်မော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းသွက်လာတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရာသီပြန်လည်စတင်လာတာကြောင့် အရောင်းအဝယ်လည်း အနည်းငယ်တက်လာပြီး ဈေးလိုက်လာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦး ကဆိုပါတယ်။ ဒီတစ်ပတ်ကွန်ပေါင်းတီစူပါ ၄၆%နဲ့ တီစူပါ ၁၆% တို့က ဈေး မပြောင်းပေမဲ့ အဝယ်လိုက်လာတဲ့ ပုလဲအသေး ၄၆% က ၁၀၀၀ ကျပ်ဈေးမြင့်ပြီး ကွန်ပေါင်း(ပန်းရောင်)က ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ မြေသြဇာဈေးမှာ ပုလဲအသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်)က ၂၄၀၀၀ ကျပ်၊ ကွန်ပေါင်းအစိမ်း ၁၅း၁၅း၁၅(ထိုင်း)က ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၃၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာလဲ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းတက်လာပြီး ဒီအချိန်အသုံးများတဲ့ မြေသြဇာက ကွန်ပေါင်း ၁၀း၁၀း၅ ဖြစ်ပါတယ်လို့ အရောင်း ဆိုင်မှဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယူရီးယား(ပန်းဖူး- တရုတ်)က ပစ္စည်းပြတ်နေ တယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် မြေသြဇာဈေးနှုန်းတွေမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၂၀၀ ကျပ်၊ တီစူပါ (GTSP ၄၆% တရုတ်) က ၂၁၀၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%တရုတ်) က ၈၄၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁၄၆၀၀ ကျပ်နဲ့ အာမို(ဒိုင်းမွန်းစတား) က ၃၈၅၀ ကျပ်တို့ ဖြစ်ပါတယ်။ ရန်ကုန်ဓာတ်မြေသြဇာဈေးကွက်မှာ မြေသြဇာက ယခင်တစ်ပတ်ထက် စာရင် အရောင်းအနည်းငယ်ကျတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦး က ဆိုပါတယ်။ အရောင်းကျလာသလို ဈေးတွေကလည်း အနည်းငယ်ကျလာ ပြီး တစ်အိတ်ကို နှစ်ရာကျပ်သာ ဈေးကျလာတာဖြစ်ပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ မြေသြဇာဈေးတွေက ယူရီးယား(ကြာဖူး-တရုတ်) ၂၁၀၀၀ ကျပ်၊ ကမ္ဘာလုံး- တရုတ် ၂၁၁၀၀ကျပ်၊ ရွှေတောင်-တရုတ် ၂၁၂၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်)က ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆% ၈၉၀၀ ကျပ်၊ တီစူပါ ၁၂% ၈၄၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း (တိုးနယား-တရုတ်) ၂၃၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၃း၅း၇ က ၁၃၄၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၄၆၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၅း၅ က ၁၄၇၀၀ ကျပ်နဲ့ ကွန်ပေါင်း (မြားကမ္ဘာ) ၁၂း၁၃ က ၁၅၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာတော့ ဓာတ်မြေသြဇာဈေးကွက် ဒီတစ်ပတ်အရောင်း တက်လာတယ်လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရာသီချိန်နီးလာတာကြောင့် အရောင်းလည်းသွက်လာသလို ဈေးကလည်း နည်း နည်းတက်လာတယ်လို့ ဆိုပါတယ်။ မြားကမ္ဘာ-တရုတ် ၇၀၀ ကျပ်၊ အာမို က ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း၊ ယူရီးယား-ပုလဲ ၂၀၀၀ ကျပ်၊ တီစူပါ ၂၃၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၇၀၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ မြေသြဇာဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး တွေက မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)က ၁၇၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၇၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၈၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)က ၂၃၅၀၀ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၅၀၀၀ ကျပ်၊ တောင်သူမက ၁၆၅၀၀ ကျပ်၊ ပိုတက်က ၂၅၀၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)
